အခန်း ၂၃၂ - ထွန်း​တောက်အဆင့် ၁၀၀ က ကလိမ်ကကျစ်​တွေပဲ

354 38 0
                                    

အခန်း ၂၃၂ - ထွန်း​တောက်အဆင့် ၁၀၀ က ကလိမ်ကကျစ်​တွေပဲ

လျို့ကျယ်သည် လင်းယွမ်၏စကားများကိုကြား​သောအခါ ​ခေတ္တမျှအ​တွေးနက်သွားသည်။ သူပြန်​ဖြေလိုက်သည်။ "ထွန်း​တောက်အဖွဲ့ဝင်အယောက်တိုင်းရဲ့ အ​ကြောင်းကို​တော့ ငါတိတိကျကျမသိ​ပေမယ့် ကြယ်ကွန်ယက်က လူသိရှင်ကြားထုတ်ပြထားတဲ့အချက်အလက်​တွေကို​တော့ ကျိန်း​သေ​ပေါက်ယုံလို့မရဘူး။ ယုံမိတာနဲ့ ကိစ္စ​တွေက အဆိုးဘက်ကို​ပြောင်းသွားမှာ ​သေချာ​ပေါက်ပဲ။"

လင်းယွမ်သည် ထိုစကား​ကြောင့် အနည်းငယ်မျှအံ့ဩသွားရသည်။ "အကိုလျို့က ဘာလို့ဒီလို​ပြောရတာလဲ။"

လျို့ကျယ်က ချက်ချင်းရှင်းပြလိုက်သည်။ "ထွန်း​တောက်အဆင့် ၁၀၀ အဖွဲ့ဝင်​တွေ တိုက်ပွဲ​တွေ၊ အာကာသ​စောင်းတန်းပြိုင်ပွဲ​တွေမှာသုံးတဲ့ ဝိညာဉ်သားရဲ​တွေအကုန်လုံးက ​ရွေးချယ်မှုမှာသုံးတာ​တွေချည်းပဲ။"
 
"ထွန်း​တောက်အဆင့် ၁၀၀ စာရင်းမှာပါတဲ့အဖွဲ့ဝင်တိုင်းက ဖက်ဒ​ရေးရှင်းဆီက အရင်းအမြစ်ပမာဏအ​မြောက်အမြား လက်ခံရလိမ့်မယ်၊ ဒါ​ကြောင့် သူတို့ရဲ့အာရုံ​တွေက ဟိုးကတည်းက ဝိညာဉ်သားရဲ​တွေဆီ​ရောက်​နေပြီးသား၊ နားလည်ထားတဲ့ စိတ်စွမ်းအင်​မှော်အက္ခရာနဲ့ ဆန်းပြားမျိုးသန့်အသစ်​တွေကို ပျိုး​ထောင်​နေကြဦးမှာ။"

"ဒါ​ပေမယ့် သူတို့တစ်​ယောက်ချင်းစီက ကလိမ်ကျစ်ကျလွန်းတာမို့ နှစ်တိုင်းအဆင့်​တွေကို ထိန်းချုပ်ထားပြီး ခွန်အားကို မထုတ်​​ဖော်တတ်ကြဘူး။"

"သူတို့ရဲ့ရည်ရွယ်ချက်က ခွန်အား​တွေကိုစု​ဆောင်းပြီးတစ်ချက်တည်းနဲ့ ​ရှေ့ကိုတက်ဖို့ပဲ၊ ပြီးရင်အဆင့်​တွေကို အမြန်နည်းနဲ့ ​ကျော်ဖြတ်မှာ။"

"ဒါ​ကြောင့် အဖွဲ့ဝင်​တွေရဲ့အဆင့်က ပြောင်း​လေ့မရှိဘူး၊ ​ပြောင်းပြီ​ဟေ့ဆိုလည်း လုံးဝကိုခုန်တက်သွားတာပဲ။ နှစ်တိုင်း လူ​တွေက​တော့ အဆင့်​တွေ တက်လိုက်ကျလိုက်နဲ့​ပေါ့။"

"ဥပမာအားဖြင့် ငါ​ပေါ့။ လွန်ခဲ့တဲ့​လေးနှစ်တုန်းက ထွန်း​တောက်အဆင့် ၁၀၀ အဖွဲ့ဝင်ဖြစ်ခဲ့​​ပေမယ့် ဒုတိယ​မြောက် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲဝင်ချိန်မှာ ဝင်ပြိုင်တုန်းက အင်းဆက်ဘုရင်မရဲ့ သာမန်၊ လက်​ရွေးစင်နှင့်​ငွေစွမ်းရည်​တွေကိုပဲသုံးခဲ့တယ်။ ငါ့မှာ​ရွှေစွမ်းရည် လျှပ်စီးစု​ဆောင်းပိုးဖလံရှိ​နေတာ​တောင်မှ တစ်ခါမှထုတ်မသုံးဘဲ လျှို့ဝှက်ထားစမြဲပဲ။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Donde viven las historias. Descúbrelo ahora