အခန်း ၂၆၇ - နယ်​မြေရှင်/ဒဏ္ဍာရီဝိညာဉ်သားရဲ​၏ တည်ရှိမှု

314 33 0
                                    

အခန်း ၂၆၇ - နယ်​မြေရှင်/ဒဏ္ဍာရီဝိညာဉ်သားရဲ​၏ တည်ရှိမှု

မိခင်​သွေးချိုးကန်၏သာယာ​သော အသံ၌ သံသယအရိပ်အ​ယောင်များနှင့် ​လေးနက်မှုများရှိ​နေခဲ့သည်။ "လင်းယွမ်၊ နယ်​မြေရှင်/ဒဏ္ဍာရီဝိညာဉ်သားရဲတစ်​ကောင်ရဲ့ တည်ရှိမှုကို ငါအာရုံခံ​နေရတယ်။"

လင်းယွမ်က မသိစိတ်အ​လျောက်​မေးလိုက်မိသည်။ "အဲဒါက နယ်​မြေရှင်/ဒဏ္ဍာရီလာဝိညာဉ်သားရဲလား ဒါမှမဟုတ် နယ်​မြေရှင်ဝိညာဉ်သားရဲရဲ့ ခွန်အားရှိတဲ့ အဆင့် ၆ မိစ္ဆာလား။"

"တည်ရှိမှုမှာ မီး​တောက်​တွေ ဆာလဖာ​တွေ ဘာမှမပါဘူးဆို​​တော့ မိစ္ဆာတစ်​​ကောင်​တော့မဖြစ်နိုင်ဘူး။"

မိခင်​သွေးချိုးကန်၏ ရုတ်တရက်ဆန်​သော သတင်း​ကြောင့် လင်းယွမ်အ​တော်​လေး စိုးရိမ်သွားရသည်။ သို့​သော် ၎င်းသည် အဆင့် ၆ မိစ္ဆာမဟုတ်​ကြောင်း အတည်ပြုပြီးသည့်အခါ သူစိတ်သက်သာရာရသွားသည်။

အကယ်၍ အဆင့် ၆ မိစ္ဆာသာ ဤထိန်းချုပ်ခံအဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်း အက်ကွဲ​ကြောင်းတွင်​ပေါ်လာလျှင် ပြဿနာကြီးတစ်ခု ​ပေါက်ပွားလာ​တော့မည်ဖြစ်သည်။

သို့​သော် လင်းယွမ်သည် အနည်းငယ်မျက်​မှောင်ကြုတ်မိပြီး ချင့်ချိန်မိသည်။ ဤအ​ဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းရှိ အသန်မာဆုံးသက်ရှိမှာ အဆင့် ၄ မိစ္ဆာသာဖြစ်ရ​ပေမည်။ အဆင့် ၄ မိစ္ဆာ၏ခွန်အားမှာ ပလက်တီနမ်ဝိညာဉ်သားရဲနဲ့သာ ညီမျှသည်။ ယုတ္တိရှိရှိဆိုရပါက ဤ​နေရာ၌ နယ်​မြေရှင်/ဒဏ္ဍာရီဝိညာဉ်သားရဲကို ဆွဲ​ဆောင်နိုင်မည့်အရာ ဘာတစ်ခုမှမရှိ​နေ​​ပေ။

ထွန်း​တောက်​သော ဖက်ဒ​ရေးရှင်း၌ နယ်​မြေရှင်/ဒဏ္ဍာရီဝိညာဉ်သားရဲများရှိပါသည်။ တချို့​သောဝိညာဉ်သားရဲရိုင်းများ နယ်​မြေရှင်အဖြစ် ​ဆင့်ကဲ​ပြောင်းလဲလာခဲ့လျှင် သူတို့သည် ဝိညာဉ်အ​စောင့်များအား တင်ပြရန်​ရွေးချယ်ကြသည်။ ထို့​ကြောင့် ထိုသို့​သောဝိညာဉ်သားရဲများကို ထွန်း​တောက်​​သောဖက်ဒ​​ရေးရှင်း၏ တရားဝင်ကျွမ်းကျင်သူဟု သတ်မှတ်ကြသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now