အခန်း ၂၀၆ - မီး​တောက်​သွေး​ကြောပုစဥ်း
376 40 0
အခန်း ၂၀၆ - မီး​တောက်​သွေး​ကြောပုစဥ်း
လွန်ခဲ့သည့်နှစ်ရက်အတွင်း လင်းယွမ်သည် ​ငွေ/လက်​​ရွေးစင်ယူစနီးယားများကို အဆင့်မြှင့်​နေခဲ့သည်။ ၎င်းတို့အားလုံးအား စတိုးတွင် ထားလိုက်သည်။ စတိုးရှိ AI စက်ရုပ်များသည် ခဏကြာတိုင်း ယူစနီးယား ၁၀ အိုးကို အ​ရောင်းတင်​နေသည်။
ကျိုးကျားရှင်း၏စတိုးကို​ထောက်ပံ့​ပေး​သော ကုန်ပစ္စည်းများအတွက်​တော့ မကြာမီကပဲ ငှက်ကုလားအုတ်​ထောက်ပံ့ပို့​ဆောင်​ရေးမှတဆင့် ပို့​ဆောင်ထားပြီး​လေပြီ။ တစ်ချိန်တည်းတွင် သူမစတိုးမှအဆင့်နိမ့်စွမ်းအင်သတ္တုရိုင်းများကို ဝယ်ယူခဲ့​​သေးသည်။
ဤနှစ်ရက်သည်လင်းယွမ်အတွက် အလွန်အမင်းစိတ်ချမ်းသာဖွယ်​​ကောင်းခဲ့သည်၊ အာကာသ​စောင်းတန်းအဆင့်တက်ပြိုင်ပွဲမှရခဲ့​သော အကျိုးအမြတ်များကို တစ်ခုမကျန် စုပ်ယူပြီးကျွမ်းကျင်သွားခဲ့​သော​ကြောင့်ပင်။
မနက်ဖြန်တွင် သီးသန့်​လေလံပွဲကို တက်​ရောက်မည်ဖြစ်ရာ အဆင့်တက်ပြိုင်ပွဲဒုတိ​ယအချီကို မတိုက်​သေးပါ​ချေ။ ယခင်က ​တောထဲတွင် စု​​ဆောင်းခဲ့​သော အလွန်အမင်းအလားအလာ​ကောင်းသည် သာမန်မြူခိုးမီး​တောက်ပုစဥ်းကို ယူထုတ်လိုက်သည်။ ၎င်းတို့၏ပင်ကိုစွမ်းရည်နှင့်ရှားပါးမှု​ကြောင့် ​စျေးကွက်တွင်​တွေ့မြင်ရန်ခဲယဥ်းသည်။
မြူခိုးမီး​တောက်ပုစဥ်းကို ဖမ်းမိသည့်စွန့်စားသွားလာသူအများစုသည် ကြယ်ကွန်ယက်ရှားပါးသက်ရှိပွဲကြည့်စင်၌ တင်လျှင်တင်၊ သို့မဟုတ် လိုအပ်သည့်ကြွယ်ဝ​သောဝယ်ယူသူတစ်​ယောက်ကို ရှာတတ်ကြသည်။ အမြဲလိုလိုပင် ထိုသို့​သောကြွယ်ဝသည့်ဝယ်ယူသူသည် အ​လောတကြီးလိုအပ်​သော ဝိညာဉ်သားရဲများရှိလာလျှင် ကြယ်ကွန်ယက်တွက် ထိုဝိညာဉ်သားရဲနှင့်ပတ်သက်ပြီး ပို့စ်တင်လိမ့်မည်ဖြစ်သည်။
ပို့စ်တင်သူအများစုမှာ ဝိညာဉ်သားရဲ​ကြေးအဆင့်သို့​ရောက်လျှင် ရှိလာမည့် သီးသန့်ကျွမ်းကျင်မှုတစ်မျိုးမျိုးကို အလိုရှိ​​သော​ကြောင့်ဖြစ်သည်။ ထိုကိစ္စမှာ ကံတရားနှင့်သာသက်ဆိုင်သည်။ သီးသန့်ကျွမ်းကျင်မှုတစ်မျိုးကိုလိုချင်​​သော ဝယ်သူသည် ​သေချာ​ပေါက် ​ငွေပြတ်​နေသူ​တော့ဖြစ်မည်မဟုတ်​ပေ။