အခန်း ၂၁၄ - ခက်ခဲကြမ်းတမ်း​သော စာချုပ်အ​ခြေအနေများ

331 44 0
                                    

အခန်း ၂၁၄ - ခက်ခဲကြမ်းတမ်း​သော စာချုပ်အ​ခြေအနေများ

မိခင်​သွေးချိုးကန်၏စကားများကို ကြား​သောအခါ လင်းယွမ်သည် အနည်းငယ်မှင်သက်သွားရသည်။

တခြား​လေလံဆွဲသူများနှင့်မတူဘဲ စင်စစ် မိခင်​သွေးချိုးကန်သည် စားသုံးဖို့ရန်​ဖြစ်​နေခဲ့သည်။ သို့​သော် ထိုသို့လုပ်ရခြင်း၏ရည်ရွယ်ချက်မှာ လူသားများအရင်းအမြစ်အမျိုးအစားသက်ရှိများကို စာချုပ်ချုပ်ခြင်းနှင့်အတူတူပင် ဖြစ်သည်။ ပိုတိုး၍ သန်မာလာချင်​​သော​ကြောင့်ပင်။

မိခင်​သွေးချိုးကန်အပါအဝင် ဝိညာဉ်သားရဲများ၏ရှင်သန်ခြင်းနိယာမမှာ အသန်မာဆုံးသူသာ ရှင်သန်ရာဖြစ်သည်။ ​​မွေးဖွားလာကတည်းက သူမသည်မိမိကိုယ်ကိုအပြည့်အဝမှီခို၍ တခြား​သောဝိညာဉ်ချီပညာရှင်များနှင့်စာချုပ်မချုပ်ဘဲ နယ်​မြေရှင်/ဒဏ္ဍာရီအဆင့်သို့ တစ်လှမ်းချင်း​ရောက်လာခဲ့သည်။

ငယ်စဥ်ကစ၍ ယ​နေ့အထိ မ​ရေမတွက်နိုင်​သောသတ်ဖြတ်မှုများကို ကြုံ​တွေ့ဖူးသည်မို့ ပိုမိုသန်မာလာဖို့ရန် အရင်းအမြစ်အမျိုးအစားသက်ရှိကို စားသုံးခြင်းမှ္ ​သေချာ​ပေါက် သာမန်ကိစ္စ​​လေးသာဖြစ်သည်။

လင်းနို့အရိပ်ဘုရင်သည် ထိုအရင်းအမြစ်အမျိုးအစားပစ္စည်းသုံးမျိုးကို ယူထုတ်လိုက်ပြီး ​ယခု​လေးတင် ရှေ့ထွက်ကာ စကား​ပြော​သော သက်လတ်ပိုင်းရွယ်အမျိုးသမီးအား ညွှန်ပြကာဆိုသည်။ "ကျုပ်ဒီအရင်းအမြစ်အမျိုးအစားပစ္စည်းသုံးခုရဲ့ စာချုပ်ချုပ်ရမယ့်အ​ခြေအ​နေ​တွေကို လျှပ်စီးစာက​​လေးဘုရင်ကို ​မိတ်ဆက်စေပါမယ်။"

လင်းနို့အရိပ်ဘုရင်၏စကားကို လိုက်၍သူမ​က​ပြောသည်။ "ဒီမှာရှိ​​နေတဲ့ လူအများကြီးက ကျွန်မကိုသိ​နေ​လောက်တယ်။ ကျွန်မက တိုက်ပွဲဝင်ဝိညာဉ်ချီပညာရှင်တစ်​ယောက်ဖြစ်တဲ့အပြင် အဆင့် ၃ အထွတ်အထိပ်ဖန်တီးရှင်ဆရာသခင်တစ်​ယောက်လည်းဖြစ်တာ​ကြောင့် ဒီအရင်းအမြစ်အမျိုးအစားပစ္စည်းသုံးခုရဲ့ စာချုပ်ချုပ်ရမယ့်အ​ခြေအ​နေ​တွေကို အားလုံးအတွက် ရှင်းပြ​ပေးသွားပါ့မယ်။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now