အခန်း ၂၁၉ - အရင်းအမြစ်အမျိုးအစားပစ္စည်း အရင်းအမြစ်သဲ

333 43 0
                                    

အခန်း ၂၁၉ - အရင်းအမြစ်အမျိုးအစားပစ္စည်း အရင်းအမြစ်သဲ

လင်းယွမ်သည် အရင်းအမြစ်အမျိုးအစားသက်ရှိကို စူးစမ်းလိုက်သည်။ စစ်မှန်သောအချက်အလက်၏ကျေဇူးကြောင့် ယင်းမှာ အရင်းအမြစ်သဲဟုခေါ်ကြောင်း သူသိခဲ့ရသည်။

၎င်းသည် အရင်းအမြစ်အမျိုးအစားသက်ရှိများ၏ သဲဒြပ်စင်ကိုကိုယ်စားပြုပြီး မြေဒြပ်စင်မှသန္ဓေါပြောင်းမှုတစ်ခုဟုလည်း ယူဆနိုင်သည်။

လင်းယွမ်သည် ဤအရင်းအမြစ်သဲအား အလျင်စလိုစာချုပ်မချုပ်လိုက်ပေ။ ထိုအစား လေလံအောင်ခဲ့သော ပင်လယ်နက်သွေးခြင်ပါသည့် သွေးနီရောင်ဥခွံကို စိန်သစ်ရွက်သဏ္ဍာန်ဝိညာဉ်သားရဲသိမ်းဆည်းသေတ္တာမှယူထုတ်လိုက်သည်။

သူအခန်းမှထွက်လိုက်ပြီး အိမ်တော်အပြင်ရှိ စင်္ကြံလမ်းရှည်ဆီသို့ရောက်လာသည်၊ စင်္ကြံလမ်းရှည်တံစက်မြိတ်ထိပ်ပိုင်းသည် ညအချိန်၌ထူးခြားပုံမပေါ်သော်လည်း မိခင်သွေးချိုးကန်က ထိုနေရာတွင်ရှိနေသည်ကိုလင်းယွမ်သိသည်။

သူအိမ်တော်သို့ပြန်လာစဥ်က သူမသည်သူ့နောက်ကိုမလိုက်ဝင်ခဲ့ပေ။ သူမသည် အမြဲလိုလိုအိမ်အပြင်က တံစက်မြိတ်များနှင့်ရက်မများတွင်ရှိနေတတ်သည်၊ သူမသည်မှော်အက္ခရာဥပဒေသကို နားလည်ထားပြီး ကမ္ဘာမြေ၏ ဝိညာဉ်ချီများကိုစုပ်ယူရသည်။

"မိခင်သွေးချိုးကန်၊ လေလံပွဲတုန်းက ခင်ဗျားပြောတဲ့ အရင်းပမြစ်အမျိုးအစားပစ္စည်းကို ကျွန်တော်ယူလာပေးတာပါ။"

လင်းယွမ်သည် ပင်ယယ်နက်သွေးခြင်ပါသည့် သွေးနီရောင်ဥခွံကို တံစက်မြိတ်စွန်းပေါ်သို့ပစ်တင်လိုက်သည်။ အနီရောင်အရိပ်တစ်ခုလက်သွားကာ သွေးနီရောင်ဥခွံမှာ ညအမှောင်ထဲ ပျောက်ကွယ်သွားသည်။ မိခင်သွေးချိုးကန်၏ သာယာပြီးထူးဆန်းသောအသံကို ကြားလိုက်ရသည်။ "လင်းယွမ်၊ မင်းအပေါ်အကြွေးတစ်ခုတင်သွားရပြီ။ ကျေးဇူးပါ။"

ထို့နောက် စကားတစ်ခွန်းမှမဆိုလာတော့။

မိခင်သွေးချိုးကန်သည် ပင်လယ်နက်သွေးခြင်ဥကို စုပ်ယူရန်ပြင်နေလောက်ကြောင်း လင်းယွမ်သိသည်။ သူ၏လမ်းကြောင်းကာကွယ်သူအနေဖြင့် သူမသာခွန်အားကိုမြှင့်တင်နိုင်မည်ဆိုလျှင် သူကသဘာဝကျကျ ဝမ်းမြောက်မည်ဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Unde poveștirile trăiesc. Descoperă acum