အခန်း ၃၁၃ - ​​ဖောင်းကားလာ​သော စွန့်လွှတ်ခြင်းနှုတ်ခမ်းပါး

277 32 0
                                    

အခန်း ၃၁၃ - ​​ဖောင်းကားလာ​သော စွန့်လွှတ်ခြင်းနှုတ်ခမ်းပါး

လင်းယွမ်သည် ဒဏ္ဍာရီလာအဆင့်ကို​ရောက်ရှိလာပြီး ဆန်းပြားမျိုးသန့်ဖြစ်ရန် ​ခြေတစ်လှမ်းသာ​ဝေး​သော ဆူးနီကိုကြည့်လိုက်ပြီး​နောက် အသက်ပြင်းပြင်းရှုလိုက်မိသည်။

လင်းယွမ်၏စာချုပ်ချုပ်ဝိညာဉ်သားရဲများအနက် စိတ်အပူပန်ရဆုံးဝိညာဉ်သားရဲကို ​ပြောရမည်ဆိုလျှင် ​သေချာ​ပေါက်ဆူးနီပင်ဖြစ်သည်။ ဆူးနီသည် အ​သွေးအသားများကို ဝါးမျိုစားသုံးခြင်းဖြင့်သာ အဆင့်တက်နိုင်ကာ စစ်မှန်​သောဖန်တီးရှင်ဆရာသခင်တစ်​ယောက်ပင် မည်သည်မှမတတ်နိုင်​ချေ။ လင်းယွမ်သည် ဆူးနီကို ​ကြေးအဆင့်၌ ရပ်​နေ​စေရန်လည်း အဆက်မပြတ် တားမြစ်ထားရ​သေးသည်။ စင်စစ်တွင် လင်းယွမ်သည် ဆူးနီကို ဆန်းပြားမျိုးသန့်အရည်အ​သွေး​ရောက်သည်အထိ ​ကြေးအဆင့်၌သာရှိ​နေ​စေရန် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။

သို့​သော် ယခုတွင် ဆူးနီသည် ဒဏ္ဍာရီလာအဆင့်ကို ​ရောက်​နေပြီဖြစ်ကာ အကြီးမားဆုံး​သော အဟန့်အတားကို​ကျော်ဖြတ်ခဲ့ပြီးပြီဟု ဆိုလိုသည်။ ဆူးနီ၏ခင်တွယ်​သော ခံစားချက်များကိုခံစားမိရာ လင်းယွမ်၏မျက်နှာတွင် အပြုံးတစ်ပွင့်​ပေါ်လာရကာ သွား​​ဖွေး​ဖွေးများကို လှစ်ဟလာသည်။

သူလက်ကိုဆန့်၍ ဆူးနီ၏နွယ်ကိုကိုင်ကာ ​​ပြောလိုက်သည်။ "ဆူးနီ​ရေ ဉာဏ်ကြီးရှင်ထက်အရင် မင်းက ဆန်းပြားမျိုးသန့်ကို ​တကယ်ကြီး​ရောက်နိုင်လိမ့်မယ်လို့ ငါမ​မျှော်လင့်ထားဘူး။"

လင်းယွမ်၏ခန့်မှန်းချက်များအရ ဆူးနီကိုဆန်းပြားမျိုးသန့်ဖြစ်​စေရန် အချိန်ကို ​နောက်​ရွှေ့ထားမည်ဖြစ်သည်။ အမှန်​တော့ ​လင်းယွမ်ခံစားရသည်မှာ ဆူးနီထက်အရင် ​မောဘီးယပ်စ်က ဆန်းပြားမျိုးသန့်ဖြစ်လာမည်ဟူ၍။

ဆူးနီသည် လင်းယွမ်၏စကားလုံးများကို နားလည်​နိုင်ခြင်းမရှိသော်​လည်း အဓိပ္ပါယ်ကို​​တော့ ခံစားနိုင်သည်။ နွယ်ပင်များကိုလှုပ်ယမ်းလာကာ အလွန်အမင်း​​ပျော်ရွှင်​နေပုံရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now