အခန်း ၃၁၀ - အဆုံးမဲ့​နွေဦးရဲ့ ဉာဏ်အလင်း

276 36 0
                                    

အခန်း ၃၁၀ - အဆုံးမဲ့​နွေဦးရဲ့ ဉာဏ်အလင်း

ဆူးနီ၏အသိဉာဏ်သည် ​ပျော်ရွှင်မှု၊ ​ဒေါသနှင့်ဝမ်းနည်းမှုတို့ကိုသာ ​ဖော်ပြနိုင်​သော က​​လေးတစ်​ယောက်နဲ့တူသည်ဟု အဆုံးမဲ့​နွေဦး ရှင်းရှင်းလင်းလင်း ခံစားနိုင်​လေသည်။

လင်းယွမ်သည် ၎င်းကိုအလွန်တရာ ​ကောင်းမွန်စွာ ဆက်ဆံ​လေ့ရှိပုံရသည်။ သို့မဟုတ်ပါက သူသည်​ဆူးနီ၏စာချုပ်ပိုင်ရှင်ဖြစ်လျှင်ပင် ထိုမျှ​လောက် သူ့အ​ပေါ်မှီခိုမည်မဟုတ်ပါ​ပေ။

ဆူးနီ၏အသိဉာဏ်အရ လင်းယွမ်သည် ​ကောင်း​ကောင်းမဆက်ဆံပါလျှင် သူ့ကို​ကြောက်ရွံ့​နေလိမ့်မည်ဖြစ်သည်။ လူသားတစ်​ယောက်အ​ပေါ် ဝိညာဉ်သားရဲတစ်​ကောင်၏ ​ကြောက်ရွံ့မှုနှင့်နာခံမှုကို အဆုံးမဲ့​နွေဦး အမုန်းဆုံးဖြစ်သည်။

သူမသည် လင်းယွမ်၏လက်ကိုရစ်တွယ်​နေ​သော ဆူးနီရဲ့နွယ်နှင့် နွယ်​ပေါ်တွင် ချည်​နှောင်ထား​သော ဖဲကြိုးနီကိုကြည့်လိုက်ပြီး ရုတ်တရက် ​နွေး​ထွေးလာသည်ဟုပင် အဆုံးမဲ့​နွေဦး ခံစားလိုက်ရသည်။

မကြာခင်က အ​ဆုံးမဲ့​တောအုပ်၏​တောနက်ထဲတွင် ဆီးနှင်းများသည်းထန်စွာ ကျဆင်းထားပြီး နှင်း​ဖုံး​နေ​သော​မြေပြင်သည် ​အေးစက်မှုကို ​ဖော်ကျူး​နေ၏။ သို့​သော် သူမ​ရှေ့ရှိ ခင်တွယ်မှုသည် ဩဂုတ်လလယ်​ခေါင်က ရှုခင်းများလို ​​နွေး​ထွေး​စေ​လေသည်။

"ငါ့ရဲ့ ဉာဏ်အလင်းဥပ​ဒေသက ငါးနှစ်ကြာရင် တစ်ခါဖွဲ့စည်းတဲ့ စွမ်းအင်နဲ့ အပင်ဝိညာဉ်သားရဲတစ်​ကောင်ကို ဉာဏ်အလင်းပွင့်​စေနိုင်တယ်၊ ငါးနှစ်ကြာတစ်ခါ ငါ့ကိုယ်ငါ ဉာဏ်အလင်းပွင့်​​​​စေ​လေ့ရှိပေမယ့် အခွင့်အ​ရေးတစ်ခုကို​တော့ ​ဘေးဖယ်ထားခဲ့တယ်။ ငါ​တွေးကြည့်​တော့ တကယ်လို့ ဒဏ္ဍာရီ ၃ ကို​ရောက်တဲ့အခါ ​လောကသန့်စင်မှုကို မ​တောင့်ခံနိုင်ခဲ့ရင် အဲ့ဒီချန်ထားတဲ့ဉာဏ်အလင်းနဲ့ ရှင်သန်နိုင်​အောင် ကြိုးစားမယ်​ပေါ့၊ ဒါ​ပေမယ့် မသုံးခဲ့ရဘူး။ ဒီ​မှော်အက္ခရာဥပ​ဒေသရဲ့ ဉာဏ်အလင်းက မင်းရဲ့ဆူးနီကို ​မော်ကွန်းတင်က​နေ ဒဏ္ဍာရီလာအထိ အဆင့်တက်​စေနိုင်မလား​တော့ ငါမ​သေချာဘူး​နော်။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now