အခန်း ၂၉၈ - လင်းယွမ်၏ အဆက်အသွယ်ကွန်ရက်

296 34 0
                                    

အခန်း ၂၉၈ - လင်းယွမ်၏ အဆက်အသွယ်ကွန်ရက်

လင်းယွမ်၏အရှုံးမရှိစွာ ဝယ်ယူပါစတိုးသည် ​မည်သည့်ကြေး/​မော်ကွန်းတင်ဝိညာဉ်သားရဲမဆိုကို အရင်းအမြစ်ပစ္စည်း သို့မဟုတ် ​ရွှေသတ္တုများဖြင့် လဲလှယ်မည်ဟူ​​သော သတင်းထွက်လာ​သောအခါ ဤစတိုး၏​နောက်ကွယ်တွင် အနည်းဆုံးအဆင့် ၄ ဖန်တီးရှင်​ဆရာသခင်ဖြစ်သည်ဟူ၍ သက်​သေပြလိုက်ခြင်းဖြစ်သည်။  သို့မဟုတ်ပါက သူ့၌ ထိုသို့လုပ်ရန်သတ္တိရှိမည်မဟုတ်​ပေ။

လင်းယွမ်၏ အရှုံးမရှိစွာဝယ်ယူပါစတိုးဖန်ကလပ်ကို ဝင်လာကြသည့် ထိုအဆင့် ၄ ဖန်တီးရှင်ဆရာသခင်များသည် အ​ခြေခံအဆင့်များ ဖြစ်ကြသည်။

အဆင့် ၄ ဖန်တီးရှင်ဆရာသခင်ဖြစ်လာပြီးသည့်​နောက်တွင် အဆင့်ငယ်​လေးဆင့်ရှိ​လေသည် - အ​ခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် အထွတ်အထိပ်တို့ဖြစ်ကြသည်။ အ​ဆင့်ငယ်တစ်ခုစီကြားကွာခြားမှုမှာ မိုင်​ပေါင်း​ထောင်ချီ ကွာ​ဝေးသည်။

ထို့​​ကြောင့် အဆင့် ၃ နှင့် ​အ​ခြေခံ၊ အလယ်အလတ် အဆင့် ၄ ဖန်တီးရှင်ဆရာသခင်များသည် ဤအရှုံးမရှိစွာဝယ်ယူပါစတိုးပိုင်ရှင်နှင့် ဆက်ဆံရမည့် အခွင့်အ​ရေးရလိုကြသည်။

  ထိုဖန်တီးရှင်​ဆရာသခင်များသည် အရှုံးမရှိစွာဝယ်ယူပါစတိုး၏ အထွတ်အထိပ်အဆင့် ၄ ဖန်တီးရှင်ဆရာသခင်နှင့် ဆက်ဆံနိုင်ရန်အလို့ငှာ ပန်းပွင့်ကျင်ခပ်ပုလဲကိုပင် ထူးဆန်းမီး​တောက် ၁၀ ခုကိုသုံး၍ လဲလှယ်ခဲ့ကြသည်။

သို့​သော် လင်းယွမ်သည် ထိုအရာအားလုံးကို သတိမမူမိသလို သူနှင့်လည်း သက်ဆိုင်ခြင်းမရှိ​ပေ။

လင်းယွမ် ဂရုမစိုက်​နေစဥ်မှာပင် အရှုံးမရှိစွာဝယ်ယူပါစတိုး၏ဖန်ကလပ်သည် အဆင့် ၃ ဖန်တီးရှင်ဆရာသခင်တချို့နှင့် အဆင့် ၄ အ​ခြေခံနှင့်အလယ်အလတ်အဆင့် ဖန်တီးရှင်ဆရာသခင်များ ဝင်နိုင်ပါရန် ဦး​​နှောက်​ခြောက်သည်အထိ စဥ်းစားရ​သော ​နေရာတစ်ခုဖြစ်လာသည်။

သူ့စတိုး၏ကွန်ရက်သည် ဖြည်းဖြည်းချင်း ပျံ့နှံ့​နေ​လေသည်။ ယင်းမှာ​ရှေ့​ပြေးပုံစံသာရှိ​သေး​သော်လည်း အနားသတ်မှာ အလွန်ကြီးမားကြီး စိတ်ကူးပင်ယဥ်နိုင်မည်မဟုတ်​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now