အခန်း ၃၁၆ - ရက်စက်​သောဝိညာဉ်သားရဲသိမ်းဆည်း​သေတ္တာ

276 37 0
                                    

အခန်း ၃၁၆ - ရက်စက်​သောဝိညာဉ်သားရဲသိမ်းဆည်း​သေတ္တာ

စိန် ၇/​မော်ကွန်းတင် မုန်တိုင်း​​​တောင်ပံရှည်သိမ်းငှက်သည် ​မြေပြင်၌လဲ​လျောင်း​လိုက်ကာ အဆုံးမဲ့​တောအုပ်က အပြုံးဖြင့်ဆိုသည်။ "အလုပ်ရှုပ်ခံစရာမလိုပါဘူး။ ဒီသိမ်းငှက်ပျံတာ မြန်တယ်။"

လင်းယွမ် ကြည့်လိုက်ပြီး သ​ဘောတူစွာ ​ခေါင်းညိတ်လိုက်သည်။ သိမ်းငှက်တို့သည် အမြန်ဆုံး​သော ပျံသန်းနွယ်ဝင်များမဟုတ်ပါလား။

လင်းယွမ်၊ အဆုံးမဲ့​နွေဦးနှင့် မိခင်​သွေးချိုးကန်တို့သည် သိမ်းငှက်​ကျောတွင် ထိုင်လိုက်ကြကာ ​တော်ဝင်မြို့​တော်ဆီ ဦးတည်လိုက်ကြသည်။

တစ်ရက်​ကျော်မျှပျံသန်းပြီးသည့်​နောက် ကမ္ဘာကြီးမှာ ​ပြောင်းလဲသွားသည့်အလားပင်။ သူတို့သည် ​မြောက်ပိုင်းနှင့်​ဝေးရာဆီ ​ရောက်လာကြကာ နှင်းများကိုထပ်မံမ​တွေ့ရ​တော့​ပေ။

လင်းယွမ်သည် မုန်တိုင်း​တောင်ပံရှည်သိမ်းငှက်​အောက်ရှိ ကျယ်​ပြော​သော ​တော​တောင်မြစ်​ချောင်းများကို ကြည့်မိသည်။ အ​ဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းဖြစ်​စေ၊ အဆုံး​မဲ့​တောအုပ်တွင်း၌ ဖြစ်​စေ သူအကျိုးအမြတ်များစွာရရှိခဲ့သည်။

လင်းယွမ်သည် ယခု​တော်ဝင်မြို့​တော်ဆီပြန်ကာ အက်စ်တံခွန်စိုင်ပြိုင်ပွဲကျင်းပသည့် လအနည်းငယ်အ​တောအတွင်း ကိုယ်ပိုင်အဖွဲ့အစည်းကို ​လျှောက်ရန် ပြင်ဆင်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် အဆုံးမဲ့​နွေဦး၏ကာကွယ်မှုဖြင့် ကိုယ်ပိုင်ဂိုဏ်းကို တည်​ထောင်ရန် စဥ်းစားချင့်ချိန်နိုင်သည်။

လွင့်​မျောကျွန်း​ဝေလငါးသည် အ​ကောင်မ​ပေါက်​သေး​သော်ငြား လင်းယွမ်သည် ကိုယ်ပိုင်စွမ်းအားကို ပထမဆုံးအကြမ်းဖျင်း စံနမူနာပြုရ​ပေမည်။ အရာအားလုံးစီစဥ်ပြီးသွားသည့်အခါ ထွန်း​တောက်အဆင့် ၁၀၀ ​ရွေးချယ်မှု စတင်​လောက်ပြီပင်။

စိန် ၇/​မော်ကွန်းတင်​မုန်တိုင်း​တောင်ပံရှည်သိမ်းငှက်သည် ​တော်ဝင်မြို့​တော်ကို နှစ်ရက်အကြာတွင်​ရောက်သည်။ စိန်အံ့ဖွယ်ပျံလွှားနက်ထက် အများကြီးပို၍ မြန်ဆန်သည်။ သို့​သော် မုန်တိုင်း​တောင်ပံရှည်သိမ်းငှက်သည် အလွန်ကြမ်းကြုတ်သည်။ ယင်းမှာ တိုက်ခိုက်နိုင်စွမ်းပြင်း​သော ဝိညာဉ်သားရဲတစ်​ကောင်ဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Hikayelerin yaşadığı yer. Şimdi keşfedin