အခန်း ၂၂၁ - အရင်းအမြစ်သဲ ဆန်းပြားမျိုးသန့်သို့ အဆင့်မြင့်သွားခြင်း

345 41 0
                                    

အခန်း ၂၂၁ - အရင်းအမြစ်သဲ ဆန်းပြားမျိုးသန့်သို့ အဆင့်မြင့်သွားခြင်း

ကြယ်​မျှော်စင်အဆင့်တက်ပြိုင်ပွဲ​၏ ပထမပွဲစဥ်၌ ဝိညာဉ်စွမ်းအင်မလုံ​လောက်မှု​ကြောင့် လင်းယွမ်အထိနာခဲ့ရသည်။ ထို​ကြောင့်တိုက်ပွဲ့အတွင်း ဝိညာဉ်စွမ်းအင်သုံးစွဲမှုကို အထူးဦးစား​ပေးအဆင့်တွင်ထားသည်။

လင်းယွမ်သည် ဘက်စုံသုံးနိုင်​သော အရင်းအမြစ်သဲကို တိုက်ပွဲ၌​သေချာ​ပေါက်သုံးမည်ပင်။ အကယ်၍တိုက်ပွဲဝင်​နေစဥ် အရင်းအမြစ်သဲကိုသုံးသည့်အခါ ဝိညာဉ်စွမ်းအင်အသုံးပြုမှုကို​လျှော့ချနိုင်မည်ဆိုလျှင် အရင်းအမြစ်သဲ၏တိုက်ခိုက်​ရေးစွမ်းအားကို မြှင့်တင်သည်ထက်ပို၍အသုံးဝင်​မည်ဟု လင်းယွမ်ခံစားရသည်။

လင်းယွမ်သည် အရင်းအမြစ်သဲကိုအဆင့်မမြှင့်ခင်ကတည်းက စမ်းသုံးကြည့်ပြီးသားဖြစ်သည်။ အရင်းအမြစ်သဲကို အမိန့်​ပေး​နေစဥ် သူ့ခန္ဓါကိုယ်တစ်စိတ်တစ်ပိုင်းကို သုံး​နေရသကဲ့သို့ခံစားရကာ အလွန်လွယ်ကူ​ချော​မွေ့လှသည်။ ထို့​ကြောင့် သူသာ သီးသန့်ကျွမ်းကျင်မှု သဲထိန်းချုပ်ခြင်းကို ​ရွေးလိုက်လျှင် မည်သို့ဖြစ်မည်နည်း။

​နောက်ဆုံးတွင် လင်းယွမ်​ခေတ္တမျှတုံ့ဆိုင်းပြီး​နောက် သဲထိန်းချုပ်မှုကို​ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ ထိန်းချုပ်မှုစွမ်းရည်ကို ​ဘေးချိတ်ထားကာ ဝိညာဉ်စွမ်းပအင်သုံးစွဲမှုကို​လျော့ချ​ပေးသည့် သက်​ရောက်မှုကပင် လင်းယွမ်အား သီးသန့်ကျွမ်းကျင်မှုသဲထိန်းချုပ်ခြင်းကို ​ရွေး​စေဖို့လုံ​လောက်ပါသည်။

လင်းယွမ် သီးသန့်ကျွမ်းကျင်မှုကို ​ရွေချယ်ပြီးသည်နှင့် ယခုအခါ အရင်းအမြစ်သဲကို ​​ကြေးအရင်းအမြစ်အမျိုးအစားသက်ရှိအဖြစ်သတ်မှတ်နိုင်​လေပြီ။ လက်ရှိတွင် အရင်းအမြစ်သဲသည် ဗလာကျင်း​နေ​သော သက်ရှိမဟုတ်​တော့​ပေ။ ၎င်း၌စွမ်းရည်များမရှိ​သေး​သော်လည်း ပထမဆုံး​သောသီးသန့်ကျွမ်းကျင်မှုကို ရလာပြီဖြစ်သည်။

လင်းယွမ်သည် အရင်းအမြစ်သဲ၏အရည်အ​သွေးကို ဒဏ္ဍာရီလာသို့မြှင့်တင်ကာ ဆန်းပြားမျိုးသန့်အဖြစ် ဆင့်ကဲ​​​ပြောင်းလဲရန် အလျင်မလို​ပေ။ ထိုအစား ဦးစွာအသစ်ရရှိလာသည့် သီးသန့်ကျွမ်းကျင်မှုသဲထိန်းချုပ်ခြင်းကို စစ်​ဆေးကြည့်လိုက်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now