အခန်း ၃၁၈ - ​မြေကြီးကိုထိမယ့် ​တောင်တစ်လုံးမဖြစ်လာ​စေနဲ့

276 36 0
                                    

အခန်း ၃၁၈ - ​မြေကြီးကိုထိမယ့် ​တောင်တစ်လုံးမဖြစ်လာ​စေနဲ့

လွန်ခဲ့သည့်လအနည်းငယ်မှစ၍ လဧကရီသည် လုပ်​လေ့မရှိ​သော အရာ​တော်​တော်များများကို လုပ်​နေခဲ့သည်။ ဤကမ္ဘာတွင် လင်းယွမ်ကသာ သူမကိုယ်တိုင် ပန်းသီး အခွံနွှာ​အောင်လုပ်နိုင်​လေသည်။

လဧကရီ၏​မေးခွန်းကိုကြားပြီးသည့်​နောက် အခွံနွှာ​ထား​သော ပန်းသီးကို လင်းယွမ် တစ်ကိုက်ကိုက်လိုက်ပြီး စားပွဲ​ပေါ်တွင်တင်ကာ ပြန်​ဖြေလိုက်သည်။ "​လေ့ကျင့်​ရေးက ​​စောပြီးသွားတယ်၊ အဲဒါ​ကြောင့် ကျွန်​တော် ဆရာသခင်နှင့် နှစ်သစ်ကို တူတူကုန်ဆုံးဖို့ ​စော​စောပြန်လာတာပါ။"

လဧကရီသည် လင်းယွမ် ပြဿနာတစ်ခုခု​တွေ့ခဲ့မည်ကို စိုးရိမ်​နေခဲ့​သည်။ ယခုသူ၏အ​ဖြေကို ကြားရသည့်အခါ သူမမျက်နှာ​ပေါ်၌ ပို၍​တောက်ပ​သောအပြုံးတစ်ပွင့်​ပေါ်လာ​လေသည်။

သူမသည် သိပ်မ​ဝေး​သော ​နေရာမှ ကြာကန်ကို ညွှန်ပြကာ ​ပြောလာသည်။ "ကြာကန်ထဲက အဲ့ဒီကြာဝိညာဉ်သားရဲ​တွေက နယ်​မြေရှင်အဆင့်ကို တက်သွားပြီ​လေ။ နယ်​မြေရှင်ကြာအမြစ်ထဲက ​မြေကြာမှုန့်​တွေက အရသာအရှိဆုံးပဲ။ နှစ်သစ်မှာ ဆန်းကြယ်လ​သော်တာက နယ်​မြေရှင်​ငွေဝတ်ဆံဖို​ရွှေ​ရောင်သစ်ကြားပိုး​ခေါက်က​နေ ပွင့်လာတဲ့ ​အော့စမန်းသပ်​တွေနဲ့ ဒီပန်းဝိညာဉ်သားရဲအမြစ်​တွေကို ကြာမှုန့်နဲ့ ​အော့မန်းသပ်သကြားလုံး​တွေဖြစ်​အောင် ချက်လုပ်လို့ရတယ်။"

ခိုင်ချာသည် လဧကရီ၏စကားများကို ခိုင်ချာကြား​သောအခါ မတုန်ရီသွားဘဲ မ​နေနိုင်​​ပေ။

လဧကရီက လင်းယွမ်ကို အရမ်းအလိုလိုက်လွန်းမ​နေဘူးလား။

ထိုနယ်​မြေရှင်ကြာပန်းဝိညာဉ်သားရဲ၏ အဆီအနှစ်များသည် ကြာ​စေ့များနှင့်ကြာမြစ်များတွင် သိပ်သည်း​နေတတ်သည်။ ကြာ​စေ့များသည် ပို၍ရှားပါးပြီး သုံးနှစ်တစ်ကြိမ်သာ ထုတ်လုပ်​သော်ငြား ကြာမြစ်များမှာ​တော့ နှစ်စဉ်နှစ်တိုင်းရရှိ​လေသည်။

ဤနယ်​မြေရှင်ကြာပန်းဝိညာဉ်သားရဲအမြစ်နှင့် အလားတူ နယ်​မြေရှင်​​ငွေဝတ်ဆံဖို​ရွှေ​ရောင်သစ်ကြားပိုး​ခေါက်၏​အော့စမန်းသပ်များသည် မည်မျှရှားပါးပါသနည်း။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Donde viven las historias. Descúbrelo ahora