အခန်း ၃၁၄ - သီးသန့်ကျွမ်းကျင်မှု ​ညိုးနွမ်းမှုဂုဏ်သ​ရေ

265 36 0
                                    

အခန်း ၃၁၄ - သီးသန့်ကျွမ်းကျင်မှု ​ညိုးနွမ်းမှုဂုဏ်သ​ရေ

အကယ်၍ စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးသည် အ​ထောက်အပံ့လိုအပ်လာလျှင် အိတ်ပမာအပင်များသည် ချက်ချင်းပင် အစာ​ချေရည်များ ထုတ်​ပေးမည်ဖြစ်သည်။

ယခင်က ဆူးနီ၏တိုက်စားခြင်းနှုတ်ခမ်းပါးသည် အ​တော်အတန် ရက်စက်ပုံ​ပေါက်ကာ အကျည်းတန်​လေသည်။ ယခုတွင် အိတ်ပမာအပင်များစွာနှင့် စွဲမက်ဖွယ်ပန်းပွင့်နီဆယ့်နှစ်ပွင့်တို့ဖြင့် ထူးထူးခြားခြား လှပ​နေလျက် ရက်ရက်စက်စက်ဖြင့် ဆွဲ​ဆောင်မှုရှိ​နေ၏။

ထိုအခိုက် ဆူးနီသည် ဆန်းပြားမျိုးသန့်အဖြစ် လုံးဝ​ရောက်ရှိသွား​တော့သည်။ ယခုတွင် ​ကြေး ၁၀/ဆန်းပြား ၁ ဖြစ်၏။

ထို့​နောက် ချက်ချင်းပင် စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးတွင်းက အလွန်များပြားလှ​သော အ​သွေးအသားစွမ်းအင်ထုကြီးသည် လုံးလုံး​ပေါက်ကွဲထွက်လာသည်။

စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးမှာ ပြင်းထန်​သည့်​ပေါက်ကွဲသံများ အဆက်မပြတ် ထွက်​ပေါ်​နေ၏။ စင်စစ်တွက် စွန့်လွှတ်ခြင်းနှုတ်ခမ်းပါး၏ ​အစာ​ချေဖျက်​နိုင်စွမ်း​ကြောင့် ထွက်လာသည့် စွမ်းအင်အလုံးစုံ​ကြောင့် လင်းယွမ်သည် တွန်းကန်မှုအာရုံတစ်ခု ခံစားလိုက်ရသည်။

ဆန်းပြားမျိုးသန့်ဆူးနီသည် ​မိစ္ဆာလှိုင်းမှ အလွန်များပြားလှသည့် အ​သွေးအသားစွမ်းအင်များကို စုပ်ယူ​​နေ၏။

လက်ရှိတွင် ဆူးနီသည် ​ငွေ/ဆန်းပြား ၁ အဖြစ် ဆင့်​ကဲ​ပြောင်းလဲ​နေခြင်းဖြစ်သည်။

ရုတ်တရက် စွန့်လွှတ်ခြင်းနှုတ်ခမ်းပါး၌ လက်သီးအရွယ်အဖုများဖြင့် ​ဖောင်းကြွလာသည်ကို လင်းယွမ်​တွေ့ရှိလိုက်ရသည်။

အ​သွေးအသား​​စွမ်းအင်များ ချေဖျက်မှု​ကြောင့် အဖုများသည် ကြီးသည်ထက်ကြီးမားလာကြသည့်​နောက်ဆုံး ကွဲထွက်သွား​လေသည်။

ထိုအဖုများအားလုံးသည် အမှန်တွင် မျက်များဖြစ်​နေ​ကြောင်း လင်းယွမ် ​တွေ့လိုက်ရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now