အခန်း ၂၄၆ - ​ရှောင်ယွမ်က ငါ့ရဲ့ဂျူနီယာညီ​လေးလုပ်​တော့မလို့လား

334 42 0
                                    

အခန်း ၂၄၆ - ​ရှောင်ယွမ်က ငါ့ရဲ့ဂျူနီယာညီ​လေးလုပ်​တော့မလို့လား

လင်းယွမ်သည် အန်​တီကျန်းအ​ကြောင်း​မေးရန် စုကျင်နဲ့တုန့်ဟိုင်တို့ကို မဆက်သွယ်ခဲ့သည်မှာ အချိန်တချို့ရှိ​နေ​ပါပြီ။

သူ၏နှင်းစံပယ်သည် ဆန်းပြားမျိုးသန့်ဖြစ်လာကာ ဖြတ်​တောက်ခံ​ခြေလက်များကြီးထွားခြင်း သီးသန့်ကျွမ်းကျင်မှုရရှိလာစဥ်ကတည်းက အန်ကယ်လီ၏အရိုးဂန်းဂရင်းကို ကုသ​​​ပေးနိုင်မည်လားဆိုသည်ကို အမြဲတ​စေသိချင်​နေခဲ့သည်။

အလားတူပင် သာမန်အချိန်များ၌ မိမိကိုယ်ကို​ကြောက်မက်ဖွယ်ယုန်တစ်​ကောင်အဖြစ် ရုပ်ဖျက်ထား​သော အန်တီကျန်း၏ဆန်းပြားမျိုးသန့်သည်လည်း အန္တရာယ်ကျလုဆဲဆဲ​အ​ခြေအ​​နေတွင် ရှိ​နေသည်။

နှင်းစံပယ်သည် ၎င်း၏သီးသန့်ကျွမ်းကျင်မှု အသက်စွမ်းအင်အမှတ်အသားဖြင့် ဝိညာဉ်ချီပမာဏအ​မြောက်အမြားကို စု​ဆောင်းထားသည်။ သို့ဖြစ်ရာ အန်ကယ်လီ၏​ခြေ​ထောက်နှင့် အန်တီကျန်းဝိညာဉ်သားရဲ၏ဒဏ်ရာများကို ကုသ​​ပေးရာ၌ ယုံကြည်ချက်ရှိ​နေသည်။

နှင်းစံပယ်၏ကုသ​ရေးစွမ်းအင်သည် အန်ကယ်လီ၏အဆိပ်သင့်​ခြေ​ထောက်ကို လုံးဝ​ပျောက်ကွယ်သွား​စေနိုင်ခြင်းမရှိလျှင်ပင် တခြားနည်းလမ်းများလည်း ရှိ​သေးသည်။

အန်ကယ်လီ၏အရိုးဂန်းဂရင်းနှင့်အဆိပ်များသည် ညာ​ခြေ​ထောက်တွင် ခိုင်မြဲစွာ ချိပ်ပိတ်​နေခြင်းဖြစ်သည်။

အမှန်တွင် သူ၏​ခြေ​​ထောက်ကိုဖြတ်​တောက်ကာ နှင်းစံပယ်၏ဖြတ်​တ​တောက်ခံ​ခြေလက်များကြီးထွားခြင်း စွမ်းရည်ဖြင့် မူလပုံစံအတိုင်းပြန်လည်ကြီးထွား​စေနိုင်သည်။

သို့​​သော် လင်းယွမ်သည် အန်ကယ်လီနှင့် အန်တီကျန်းတို့ကိုမည်မျှပင် ဆက်သွယ်​နေပါ​စေ သတင်းတစ်စ​တစ်​လေမှ မရခဲ့ပါ​​ချေ။

စုကျင်နှင့်တုန့်ဟိုင်ကို ဆက်သွယ်သည့်အခါတိုင်း သူတို့သည်အ​ဖြေများအရ တစ်ခုခုကိုသိထားပုံရ​သော်လည်း လင်းယွမ်ကို တမင်သက်သက်ဖုံးကွယ်​နေသည်ဟု ခံစားရ​စေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now