အခန်း ၂၃၇ - အရင်းအမြစ်သဲ၏​တောင်းဆိုမှု

347 39 0
                                    

အခန်း ၂၃၇ - အရင်းအမြစ်သဲ၏​တောင်းဆိုမှု

လင်းယွမ်သည် ထုံး​ကျောက်ပန်းကန်လုံး​လေးအတွင်းရှိ လက်မအရွယ် ဝိညာဉ်ပုံ​ဆောင်ခဲ ၂၀ ကိုဂရုတစိုက်ကြည့်ရှုရင်း အထင်မကြီးမိဘဲ မ​နေနိုင်​ပေ။

ထိုဝိညာဉ်ချီပုံ​ဆောင်ခဲများသည် လုံးဝကြည်လင်​​နေသည်။ အထဲ၌မထင်ရှား​သော အ​ငွေ့တစ်မျိုးစီးဆင်း​နေသည်နှင့်တူ​ပြီး အလင်း​ရောင်ကျ​ရောက်လာသည့်အချိန်၌ ထင်ရှားမှုမရှိ​သော အ​ရောင်ခုနစ်မျိုးကို ထုတ်လွှတ်သည်။

သို့​သော်ဂရုတစိုက်မကြည့်ပါက စင်စစ်ထိုပုံ​ဆောင်ခဲများသည် ​ပုံသဏ္ဍာန်မမှန်​သောဖန်ပုံ​ဆောင်ခဲအကွဲစတချို့နှင့် တူ​နေ​ပေမည်။ သို့​​သော် ၎င်း၏တန်ဖိုးသည် ဝိညာဉ်ချီပုံ​​ဆောင်ခဲများနှင့် နှိုင်းယှဥ်၍မရ​ပေ။

လင်းယွမ်သည် ဝိညာဉ်ချီပုံ​ဆောင်ခဲ ၂၀ ကိုကြည့်ပြီး ကျစ်သပ်လိုက်သည်။

အကယ်၍ ​​လောကကျက်သ​ရေတစ်ပိုင်းတစ်စသည် ​မောဘီးယပ်စ်၏သန့်စင်​သော​ကောင်းချီး​​မြေသို့ မသက်ဆင်းလာပါက ပုံမှန်ဝိညာဉ်ချီဖွဲ့စည်းခြင်းဖြင့်သာဆို အနည်းဆုံး ရက်​ပေါင်း ၁၄၀​ ​ကြာမှ ပုံ​ဆောင်ခဲ ၂၀ ရနိုင်​ပေမည်။ ၎င်းမှာ စွမ်းအင်သတ္တုရိုင်းများ လုံ​လောက်​သောအ​ခြေအ​​နေတွင်ဖြစ်သည်။

လင်းယွမ်သည် ဝိညာဉ်ချီပုံ​ဆောင်ခဲကို သူ၏ဆန်းပြားမျိုးသန်ွသုံး​ကောင်မှ တစ်​​ကောင်ကို​ရွေးပြီး အဆင့်မြှင့်တင်ကာ သူ၏ခွန်အားအရည်အ​သွေးကို ​ပြောင်းလဲနိုင်သည်။

သို့​သော် မည်သည့်​​ဝိညာဉ်သားရဲကို မြှင့်တင်ရမည်ကို​တော့ ​သေ​သေချာချာ စဥ်းစားဖို့လို​နေ​သေးသည်။

မည်သည့်ဝိညာဉ်သားရဲကို အဆင့်မြှင့်လိုက်သည်ဖြစ်​စေ ၎င်းသည် သူ၏ဝှက်ဖဲဖြစ်လာမည်ဖြစ်ကာ သူ၏တိုက်ပွဲဝင်ပုံစံသည်လည်း ၎င်းကိုလိုက်၍​ပြောင်းလဲသွား​ပေမည်။

ထွန်း​တောက်အဆင့် ၁၀၀ အဖွဲ့ဝင်များ၏ခွန်အားသည် မြင်​နေရသ​လောက် မရိုးရှင်း​ကြောင်းသိသွားရသည့်အခါ သူသည်အလျင်လို​​သော ခံစားချက်တစ်ရပ်ကို ခံစား​နေရသည်။ သူသည်ထွန်း​တောက်အဆင့် ၁၀၀ ပြိုင်ပွဲတွင် ပါဝင်ရန်ဆုံးဖြတ်ထားသည့်​လျောက် လုံးဝ​နောက်ဆုတ်မည်မဟုတ်​ပေ။ ထို့​ကြောင့် သူ​​၏ခွန်အားကိုတတ်နိုင်သမျှ မြန်မြန်မြှင့်တင်ရ​ပေမည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now