အခန်း ၂၁၇ - တယ်လည်း ဉာဏ်လျင်တဲ့ ကောင်လေးပဲ
361 48 0
အခန်း ၂၁၇ - တယ်လည်း ဉာဏ်လျင်တဲ့ ကောင်လေးပဲ
လင်းယွမ် မီးတောက်သွေးကြောပုစဉ်းကို ဆင့်ခေါ်လိုက်သည့်အခါ လျှပ်စီးစာကလေးဘုရင်နှင့်လင်းနို့အရိပ်ဘုရင်တို့၏မျက်လုံးများသည် ထိုပုစဉ်းအပေါ်၌သာ ကပ်ညှိနေလေသည်။
မီးတောက်သွေးကြောပုစဉ်း၏ရဲရဲတောက်သော ခန္ဓါတွင် အစိမ်းရောင်ပုံစံများဖုံးလွှမ်းနေပြီူ တောင်ပံခတ်လိုက်တိုင်း ပုံရိပ်ယောင်တံလျှပ်များကို ဖန်တီးသည်။
လင်းယွမ်ဆင့်ခေါ်လိုက်သော မီးတောက်သွေးကြောပုစဥ်းသည် ကြေးအဆင့်သာ ရှိကောင်းရှိသေးသော်ငြား သေသေချာချာ စူးစမ်းကြည့်မည်ဆိုလျှင် ၎င်း၏ခန္ဓါကိုယ်အတွင်းရှိ ပြင်းထန်သည့်မီးတောက်နှင့် လေဒြပ်စင်စွမ်းအားများကို ခံစားနိုင်မည်ဖြစ်သည်။
ထိုသို့ပြင်းထန်သောစွမ်းအင်များသည် ဧရာမသွေးကြောပုစဥ်းသွေးလိုင်းကို နိုးထလာမှသာ ရရှိနိုင်သည်။ အနှီသွေးလိုင်းများနိုးထခြင်းမှာ ငါးမျိုးစိတ်၏ခန္ဓါကိုယ်မှ ရှားပါးနဂါးမျိုးစိတ်သွေးလိုင်းကို နိုးထလာသည်နှင့် အလားသဏ္ဍာန်တူသည်။
မျိုးရိုးဗီဇစံပုံများအဆင့်မြင့်လာခြင်းသည် ဘဝ၏ဆင့်ကဲပြောင်းလဲမှုများအတွင်းက အရေးကြီးသည့်အသွင်ပြောင်းလဲခြင်းတစ်ခုဖြစ်သည်။ ထိုမီးတောက်သွေးကြောပုစဥ်းသည် အသွင်ပြောင်းခြင်းဖြစ်စဥ်ကို ပြီးဆုံးခဲ့လေပြီ။ သို့ဖြစ်ရာ ရွှေဝါးမျိုကြွက်နှင့် အဆင့်၊ အရည်အသွေးတို့တူညီနေလျှင်ပင် ထိုကြွက်ထက် မီးတောက်သွေးကြောပုစဥ်းမှာ အများကြီးပို၍ အဆင့်မြင့်မားကြောင်းသိသာထင်ရှားသည်။
ယင်းမှာ သေချာပေါက် လျှပ်စီးစာကလေးဘုရင်နှင့်လင်းနို့အရိပ်ဘုရင်တို့ ကြေး/မော်ကွန်းတင်မီးတောက်သွေးကြောပုစဥ်းကို အနီးကပ်အာရုံစိုက်နေကြရသည့် တစ်ခုတည်းသော အကြောင်းရင်းမဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ မီးတောက်သွေးကြောပုစဥ်း၌ လေနှင့်မီးကိုအသုံးပြုနိုင်သည့် စွမ်းရည်ရှိသည်။ ဖြစ်ချင်တော့ ယင်းသည် ဘုရင်အဆင့်အသင်းဖော်တစ်ယောက်၏ ပါရမီနှင့် နားလည်နိုင်ခဲ့သော စိတ်စွမ်းအင်မှော်အက္ခရာတို့ဖြင့် လိုက်ဖက်ညီနေခဲ့သည်။