အခန်း ၂၄၅ - ပထမဆုံးကိရိယာရှင်

335 43 0
                                    

အခန်း ၂၄၅ - ပထမဆုံးကိရိယာရှင်

လင်းယွမ်ကြယ်ကွန်ယက်မှ အ​ကောင့်ထွက်လိုက်​သောအခါ ​အပြင်ကမ္ဘာ၌ ​​ကောင်းကင်သည် ထွန်းလင်းစပြု​နေ​လေပြီ။

ညသန်း​ခေါင်မှာ ရွာ​သောမိုးသည် ​ဆောင်း​နှောင်းပိုင်းမနက်ခင်း၏ အ​အေးဓါတ်ကိုတိုး​စေ​သော်လည်း ​အရုဏ်ဦးအလင်း​​ရောင်ကို​​တော့ ပိုပြီး​တောက်ပ​နေ​စေသည်။

ထွက်ပြူလာ​​သော ​နေမင်းကြီးကိုကြည့်ရင် ​ကျောဆန့်လိုက်ကာ အိပ်ရာ​ပေါ်ဂရုတစိုက်လှဲလိုက်သည်၊ နှစ်ခြိုက်စွာအိပ်​မောကျ​နေ​​သော ဉာဏ်ကြီးရှင်နှင့်ချီ​မေတို့ကို နိုးသွား​စေမှာ စိုး၍ပင်။

စင်စစ်တွင် ဉာဏ်ကြီးရှင်မှာ လင်းယွမ်၏​ခေါင်းအုံး​ပေါ်၌ ပက်လက်လှဲ​နေ​သော်လည်း ဉာဏ်ကြီးရှင်နှင့်ချီ​မေတို့မှာ လင်းယွမ်​ရောက်ရှိလာသည်ကို အိပ်မက်ထဲမှတဆင့် အ​လိုအ​လျောက် အာရုံခံမိပုံရကာ သူ့ဆီသို့​ရွှေ့လာကြသည်။

ဤသည်မှာ လွန်ခဲ့​​​သော​​ခြောက်လက ရှား​ဒေသ၏ဝိညာဉ်သားရဲစတိုးတွင် ဖြစ်ပျက်ခဲ့သည်နှင့် အလားတူပင်။

လင်းယွမ်မျက်စိမှိတ်ကာ လွန်ခဲ့​သောလအနည်းငယ်ကဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ပြန်​တွေးကြည့်လိုက်ပြီး အ​တွေးအားလုံးကိုစုစည်းကာ အရှုံးနှင့်အမြတ်ကို​ခွဲခြမ်းစိတ်ဖြာလိုက်သည်။ ယခင်ကလမ်း​ကြောင်းပိုမို အားဖြည့်ကာ အနာဂတ်လမ်း​ကြောင်းကိုလည်း ဆုံးဖြတ်လိုက်သည်။

လင်းယွမ်နိုးလာ​သောအခါ မနက်ခင်း​မှာ ​တော်​တော်​နောက်ကျ​နေ​လေပြီ။ မျက်လုံးဖွင့်သည်နှင့် ဉာဏ်ကြီးရှင်နှင့်ချီ​မေတို့သည် သူ့အား ကြီးမား၊ လုံးဝိုင်း​သောမျက်ဝန်းရွဲကြီးများဖြင့် ကြည့်​နေကြသည်ကို သူ​တွေ့လိုက်ရသည်။

သူလက်ဆန့်လိုက်ကာ ဉာဏ်ကြီးရှင်၏​မေး​စေ့​လေးနှင့် ချီ​မေ၏​ခေါင်း​လေးကို ပွတ်သပ်လိုက်ကာ ​ပြောလိုက်သည်။ "မင်းတို့နှစ်​ယောက် ဆာ​နေကြပြီလား။"

လင်းယွမ်သည် ဉာဏ်ကြီးရှင်နှင့်ချီ​မေကို ပလက်တီနမ်တရုတ်နံနံနွယ်နှင့် ပလက်တီနမ်ကြိမိခဝဲသီးတို့ကို ​ကျွေးလိုက်၏။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Unde poveștirile trăiesc. Descoperă acum