အခန်း ၂၆၄ - သက်ရှိယဇ်ပူ​ဇော်မီး

300 42 0
                                    

အခန်း ၂၆၄ - သက်ရှိယဇ်ပူ​ဇော်မီး

လင်းယွမ်သည် အကွာအ​​ဝေးတစ်ခုမှ ​ကောင်းကင်​ပေါ်ထိုးတက်သွား​သော အစိမ်း​ရောင်မီး​တောက်အလင်းကို ကြည့်လိုက်ပြီး အစိမ်း​ရောင်အစွန်းအထင်းသည် အဆင့် ၃ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း၏ ခရမ်းနီ​ရောင်​ကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်း​​နေသည်ကို သိသွားသည်။ သူပြင်းထန်စွာ မျက်​မှောင်ကြုတ်မိသည်။

သူ့ဒြပ်စင်အရင်းအမြစ်သက်ရှိ၏ အသိဉာဏ်မှာ မမြင့်မားဘဲ တစ်ဖက်သတ်ဆန်​သော အ​တွေးများသာရှိ​သော်လည်း စိတ်တွင်းဆက်သွယ်မှုဖြင့်အရင်းအမြစ်သဲပို့​ဆောင်လာသည့် ရုပ်ပုံများမှတဆင့် မူမမှန်​သောအချက်အများအပြားကို လင်းယွမ်​တွေ့​နေရသည်။

ယင်းမှာ​သေချာ​ပေါက် မရိုးရှင်း​ပေ။

အရင်းအမြစ်သဲသည် မာ​ကြောဆဲဖြစ်သည့် အတားအဆီးကို ထိုး​ဖောက်​နေစဥ် ​လောင်ကျွမ်း​နေ​သောခံစားချက်တစ်ခုကို ချက်ချင်းပို့​ဆောင်လာ​လေသည်။

အရင်းအမြစ်သဲသည် မီး​တောက်ရှိသည့် မိစ္ဆာ သို့မဟုတ် ဝိညာဉ်ချီအ​မြောက်အမြားရှိ​သော အပင်မှ မီး​တောက် စသည်ဖြင့် တိုက်ခိုက်ခံလိုက်ရသည်ကို လင်းယွမ်သိလိုက်ရသည်။

သို့​သော် အရင်းအမြစ်သဲ၏​လောင်ကျွမ်း​သောခံစားချက်ကို အာရုံခံကြည့်လိုက်ရာ ဤမီး​တောက်သည် အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းရှိ မိစ္ဆာများထံမှ လာခြင်းမဟုတ်​ကြောင်း သူ​သေချာသွားသည်။

ဤသို့ဖြစ်ရခြင်းမှာ ​လောင်ကျွမ်း​သောခံစားချက်၌ ဖျက်ဆီးခြင်းနှင့် ညိုး​ရော်ခြင်းစွမ်းအားတို့ ပါဝင်မ​နေ​သော​ကြောင့်ပင်။ ယင်း​လောင်ကျွမ်းခြင်းခံစားချက်မှာ မိမိဘာသာ ဘဝတစ်ခုကို ဖန်တီး​နေပုံပင်ရသည်။

အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း၌လည်း အားလုံးနီးပါးမီးဒြပ်စင်ဖြစ်​နေ​သည့် ဝိညာဉ်ပါဝင်ပစ္စည်းတချို့ရှိ​သော်​ကြောင့် လင်းယွမ်အံ့အားသင့်သွားခြင်း အလျှင်းမရှိ​ပေ။

​ကောင်းကင်သို့ထိုးတက်သွားသည့် အစိမ်း​​ရောင်မီး​တောက်အလင်း၌ မဖုံးကွယ်ထားနိုင်​လောက်​အောင် ကြွယ်ဝ​သောအသက်စွမ်းအင်များပါဝင်​နေသည်ကို သူခံစားရပြီး ယင်းကို အရင်းအမြစ်သဲထိမိသည့် ​လောင်ကျွမ်း​​နေ​သောခံစားချက်ရှိ ဂုဏ်သတ္တိများနဲ့ယှဥ်ကြည့်လိုက်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now