အခန်း ၂၅၀ - ဇိမ်ခံပစ္စည်းများ​ကြောင့် လုံးဝ​ရှော့ခ်ရသွား​သော ​ကောင်းဖုန်း

333 37 0
                                    

အခန်း ၂၅၀ - ဇိမ်ခံပစ္စည်းများ​ကြောင့် လုံးဝ​ရှော့ခ်ရသွား​သော ​ကောင်းဖုန်း

ထို​ကျောက်စိမ်း​ရောင်သည် အလွန်စိုပြည်​နေပုံမှာ သဘာဝ​ကြော့ရှင်းမှုတစ်မျိုး ​ဆောင်ကျဥ်းထားသလိုပင်။ ထိုသို့​သော ခံစားချက်မျိုးကို ​လူချမ်းသာမိသားစုမှလာ​သော ကောင်းဖုန်းရင်းနှီးလှသည်၊ အ​ကြောင်းမှာ ​ကျောက်စိမ်းအ​နေအထားနဲ့ မိုးမခသားကို သူ့​ခေါင်းရင်းတွင် ထားအိပ်​သော​ကြောင့်ပင်။

​ကောင်းဖုန်းသည် အိမ်​တော်အတွင်းသို့ မဝင်ရ​သေး​သော်လည်း မနက်ပိုင်း၌ပင် ​တောက်ပ​နေမှုကို အာရုံခံနိုင်သည်။ ဖြစ်နိုင်​ခြေတစ်ခုသာရှိသည်ကို သူသိသည်။ အိမ်​တော်၌ ​ကျောက်စိမ်းအ​နေအထားဖြစ်​နေသည့်သစ်သားများနှင့် ထုလုပ်ထား​​သော ပစ္စည်းအ​မြောက်အမြားရှိ​နေခြင်းသာ။

အိမ်​တော်တွင်းသို့ ​ခြေချလိုက်သည်နှင့် သူသည် ယခင်က​လောက် မိမိကိုယ်မိမိ ယုံကြည်မှုမရှိ​တော့သကဲ့သို့ ခံစားလိုက်ရသည်။ ​လေညင်းမြူခိုးမြို့​တော်ရှိ အချမ်းသာဆုံး​သောမိသားစုဝင်တစ်​ယောက်အ​နေဖြင့် ထွန်း​တောက်​သောဖက်ဒ​ရေးရှင်းတွင်လည်း အချမ်းသာဆုံးစာရင်းဝင်​လေသည်။ သူသည် ​​ကောင်းမိသားစု၏တစ်ဦးတည်း​သော တိုက်ရိုက်ဆက်ခံသူတစ်​ယောက်ဖြစ်သည့်အတွက် သူ၏မာနနှင့် အမြင်ကျယ်မှုမှာ တခြားသူများအားလုံး၏ စိတ်ကူးထက်​ကျော်လွန်​ပေသည်။

​ကောင်းဖုန်းသည် လင်းယွမ်ကို အလွန်သ​ဘော​တွေ့​သော်လည်း သူအလိုရှိသည့် ​ကြေး/​မော်ကွန်းတင်ဝိညာဉ်သားရဲကို ​ပေးနိုင်​သော​ကြောင့်သာဖြစ်သည်။ သူသည်​ကောင်းမိသားစုအတွက် အသုံးမဝင်​သော သ​န္ဓေ​ပြောင်းကျွန်း​ဝေလငါးကိုသုံးပြီး လင်းယွမ်နှင့်လဲလှယ်မည်ဖြစ်ရာ ​လင်းယွမ်ကို သူ့မိသားစု၏ခွန်အားနှင့် ကြွယ်ဝမှုကို သိရှိ​စေပြီး​ ကောင်းမိသားစုနှင့် အ​ရောင်းအဝယ်လုပ်ရခြင်း၏အကျိုးအမြတ်ကိုလည်း ပြသလို​လေသည်။

​ကောင်းမိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်​သော ​ကောင်းဖုန်းမှာ ယခုတွင်အိမ်​​တော်၏ပရိ​ဘောဂများကိုကြည့်လျက် မာနတရားများ ​ပျောက်ရှကုန်သည်။ သူသသည် လင်းလက်​တောင်ပံလိပ်ပြာ၊ ဝိညာဉ်ထိန်းချုပ်​ခေါင်ရန်းနှင့် ကံ​ကောင်းခြင်းငါးခုရန်ချူတို့ကို ​သေချာ​ပေါက် မှတ်မိသည်။ ​ကောင်းဖုန်း၏မျက်လုံးထဲတွင် ထို​ကြေး/ပြီးပြည့်စုံဝိညာဉ်သားရဲများသည် ထွန်း​​​တောက်​ဒေါ်လာအဖြစ် ​ပြောင်းလဲသွားကြသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now