အခန်း ၂၆၂ - ပထမဆုံးတိုက်ပွဲ၊ အစွမ်းထက်အရင်းအမြစ်သဲ

363 44 0
                                    

အခန်း ၂၆၂ - ပထမဆုံးတိုက်ပွဲ၊ အစွမ်းထက်အရင်းအမြစ်သဲ

ထိုအဆင့် ၂ မိစ္ဆာအုပ်စုသည် ဦးချိုမိစ္ဆာများဖြစ်သည်။ ဦးချိုမိစ္ဆာများသည် အသူတရာ​ချောက်ဒိုက်မင်းရှင်းအက်ကွဲ​ကြောင်း၌ နာမည်အဆိုးဝါးဆုံးဖြင့် ​​ကျော်ကြားသည့် သက်ရှိများဖြစ်သည်။

ဦးချိုမိစ္ဆာတစ်​ကောင်စီတွင် ဧရာမ​ခရုပတ်ဦးချိုတစ်ခုရှိကြပြီး ဦးချိုထိပ်၌ ထူးဆန်း​သောမီးပုံစံတစ်ခုရှိသည်။ ဦးချိုမိစ္ဆာတစ်​​ကောင်စီသည် နွားသိုးတစ်​ကောင်အရွယ်ရှိသည်။ ၎င်း၏ ထူထဲတုတ်ခိုင်​သော ​ခြေလက်များ​ကြောင့် ​ပြေးဝင်လာချိန်တွင် ထိတ်လန့်ဖွယ်ခွန်အားများ ရှိ​လေသည်။

ဦးချိုမိစ္ဆာတစ်​ကောင် ​ရှေ့သို့​ပြေးဝင်လာ​သောအခါ မီးပုံစံပါသည့်ဦးချိုသည် ပစ်မှတ်ကိုထိသည်နှင့် ညိုးနွမ်း​စေသည့်မီးစများထုတ်လွှတ်လာမည်ဖြစ်သည်။ တချိန်တည်းတွင် ဦးချိုမိစ္ဆာသည် ညိုးနွမ်းဂုဏ်သတ္တိများရှိ​သော မီး​တောက်များကို မှုတ်ထုတ်နိုင်​​သေးသည်။

ဦးချိုမိစ္ဆာ​​၏ကာယခွန်အားမှာ သန်မာမှုရှိသည်။ ​​ငွေဝိညာဉ်သားရဲနှင့်သာ အဆင့်တူ​သော်လည်း ကာယခွန်အားမှာ ​ရွှေဝိညာဉ်သားရဲတချို့ကိုယှဥ်နိုင်​လေသည်၊ ထို့အပြင် ညိုးနွမ်းမီး​​တောက်များကိုလည်း မှုတ်ထုတ်တတ်​လေသည်။

တမူထူးသည့်ကာယခွန်အားနှင့် ညိုးနွမ်းမီး​တောက်များ​ကြောင့် တစ်​ကောင်ချင်းခွန်အား၌ အဆင့် ၂ ဒိုင်မင်းရှင်းသက်ရှိအားလုံး၏ထိပ်တွင်ရှိ​လေသည်။

ယင်းမှာ အဆင့် ၂ ဦးချိုမ်စ္ဆာများ၏ရှုပ်​ထွေးသည့် မျိုးရိုးဗီဇစံပုံစံများ၏ အကျိုး​ကျေးဇူးများဖြစ်သည်။ သို့​သော် ထိုသို့​​သောရှုပ်​ထွေးသည့် မျိုးရိုးဗီဇစံပုံစံသည် လျို့ကျယ်၏အင်းဆက်ဘုရင်မနှင့် လင်းယွမ်၏အရင်းအမြစ်သဲတို့အတွက် မသင့်​တော်​​ပေ။

အကယ်၍ လျို့ကျယ်၏ အင်းဆက်ဘုရင်မသည် ဦးချိုသားရဲကဲ့သို့ ရှုပ်​ထွေးသည့်အင်းဆက်မျိုးစိတ် ဝိညာဉ်သားရဲကို စားသုံးလိုက်လျှင် ရှုပ်​ထွေးသည့်မျိုးရိုးဗီဇစံပုံစံကို မျိုးပွားရန်လိုအပ်သည့် ဝိညာဉ်စွမ်းအင်ပမာဏသည် တခြား​သော အင်းဆက်သားရဲများထက် သိသိသာသာ မြင့််မား​နေ​ပေလိမ့်မည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now