အခန်း ၃၀၆ - ​ကြွေလွင့်သွား​သောဒဏ္ဍာရီ

274 34 1
                                    

အခန်း ၃၀၆ - ​ကြွေလွင့်သွား​သောဒဏ္ဍာရီ

ကျီးကန်းသည် ပန်းခရမ်း​​ရောင်ဝတ်စုံနဲ့အမျိုးသမီးကို ကြည့်ကာ နှလုံးသားမဲ့စွာ ဆိုသည်။ "မင်းမ​သေခင် ​လောကသန့်စင်မှုကို ​ကျော်ဖြတ်နိုင်ဖို့ ငါ​မျှော်လင့်တယ်။ မ​ကျော်ဖြတ်နိုင်ရင်​တောင် ငါကူညီ​ပေးမှာ။ မဟုတ်ရင် ​လောကသန့်စင်မှုပြီးတဲ့အခါ ကျလာတဲ့​လောကကျက်သ​ရေကို ငါမ​ရဘဲ ​နေမှာ​​ပေါ့။"

ကျီးကန်းသည် ရူးသွပ်သည့်နှယ်ရယ်​မော​နေပြီး သတိလွတ်သွားသည်နှင့် ပုံ​ဆောင်ခဲနီပမာ​ သွေးနီ​ရောင်​မှော်အက္ခရာဥပ​ဒေသသည် မိခင်​သွေးချိုးကန်၏ ဦး​​ခေါင်းထက်တွင် လွင့်​မျောလာသည်။

ထူးဆန်းသာယာပြီး ​ကျောချမ်းဖွယ်အသံတစ်ခု မြည်ဟည်းသွားသည်။

"​သွေးဥပ​ဒေသ။ ​သွေးကိုဓါးသွားအဖြစ်သုံးပြီး ဓါးသွားကို​တော့ နှလုံးသားကိုထိုးခွင်းဖို့ သုံးတယ်။"

“မိခင်​သွေးချိုးကန်၏ ​ကြောက်မက်ဖွယ်အသံ မြည်ဟည်းလာသည်နှင့် သစ်ပင်​အောက်ရှိ ပန်းခရမ်း​ရောင်ဝတ်စုံနဲ့ ​ဒေါသထွက်​နေ​သော မိန်းက​လေးသည် ရုတ်တရက် အံ့သြသွားမှုနှင့် ဝမ်းနည်း​သွား​သော အမူအရာများဖြစ်လာသည်။

လင်းယွမ်သည် ထိုသို့​သောခံစားချက်များကို ​တွေ့ရ​သောအခါ အ​ကြောင်းတချို့​ကြောင့် သူ့နှလုံးသားရုတ်တရက် တင်းကြပ်သွားသည်။ ထိုသို့ခံစားချက်များသည် ရှုပ်​​ထွေးသည့်ပုံ​ပေါ်​သော်လည်း အဓိပ္ပါယ်မှာ အလွန်ရိုးရှင်းလှသည်။ ယင်းမှာ သူမသူ​ငယ်ချင်းကို​တွေ့ရ​သော အံ့အားသင့်မှုနှင့် သူမ၏ပြိုလဲလုဆဲဆဲအ​ခြေအ​နေ​ကြောင့် မ​ကျေနပ်ချက်တို့ဖြစ်သည်။

တစ်ချိန်တည်းတွင် ကျီးကန်း၏ စိတ်မချမ်း​မြေ့ဖွယ်​အော်သံသည် ​​လေထဲတွင် ထွက်​ပေါ်လာသည်။ ထို​အော်သံသည် ကြီးမား​သောနာကျင်မှုတချို့ကို ခံစား​နေရသည့်ပမာ မူမမှန်စွာ ဝမ်းနည်း​ကြေကွဲဖွယ်ဖြစ်သည်။ ကျီးကန်း၏ခန္ဓါကိုယ်သည် ရုတ်ခြည်း တွန့်လိမ့်လာပြီး နှလုံးသားရှိရာ​နေရာသည် အဆမတန်​ဖောင်းကြွလာသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Tempat cerita menjadi hidup. Temukan sekarang