အခန်း ၂၅၂ - ဒြပ်စင်အခွံမာ​ကောင်

341 30 0
                                    

အခန်း ၂၅၂ - ဒြပ်စင်အခွံမာ​ကောင်

လင်းယွမ်၏ အသံသည် အလွန်တည်ငြိမ်​သောအ​နေအထားဖြင့် ပျံ့နှံ့သွားသည်။ "ခုဏက မင်းရဲ့​ကောင်းမိသားစုက ဒီကျွန်း​ဝေလငါးကို ပျိုး​ထောင်ဖို့ကြိုးစားဖူးတယ်လို့ မင်း​ပြောတယ်​နော်။ ဒါဆိုမင်းတို့မှာ ဒြပ်စင်အခွံမာ​ကောင်ရှိရမယ်၊ ဟုတ်တယ်မလား။"

လင်းယွမ်၏အသံဆုံးသွားသည်နှင့် ​ကောင်းဖုန်း၏မူလစိတ်လှုပ်ရှား​နေ​သော အမူအရာမှာချက်ချင်း တည်ကြည်လာသည်။ လက်ရှိတွင် သူသည် ဒြပ်စင်အခွံမာကောင်နှင့် ​ကြေး/​မော်ကွန်းတင်စမ်း​ချောင်းဝါနှင်းပန်းတို့၏ တန်ဖိုးကို ချင့်ချိန်ကြည့်​နေခြင်းပင်။

စမ်း​ချောင်းဝါနှင်းပန်းသည် ​ကောင်းဖုန်းအိပ်မက်ထဲကအရာဖြစ်လျှင်ပင် လင်းယွမ်၏အ​ခြေအ​နေကို ​လိုက်​လျောသင့်လားဆိုသည်ကို သူမသိ​ပေ။ လင်းယွမ်သည် ဒြပ်စင်အခွံမာကောင်နှင့် လဲလှယ်ရန်ကမ်းလှမ်းလာသည်ဆိုကတည်းက ​ကောင်းဖုန်းသည် လင်းယွမ် ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်သည်ကို သိ​သည်။

အကယ်၍​ကောင်းဖုန်းသည် ဒြပ်စင်အခွံမာကောင်နှင့်လဲလှယ်ရန် သ​​ဘောမတူပါက ​ကြေး/​မော်ကွန်းတင်စမ်း​ချောင်ယဝါနှင်းပန်းကို ဆုံးရှုံးနိုင်မည့်အခွင့်အ​ရေး ကြီးကြီးမားမားရှိသည်။ သို့​သော် ဒြပ်စင်အခွံမာကောင်သည် သူ့လိုတိုက်ရိုက်ဆက်ခံသူပင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်​သော တစ်စုံတစ်ရာမဟုတ်​ပေ။

​ကောင်းဖုန်းသည် ​ခေတ္တမျှ​တွေးကြည့်ပြီး​နောက် ပြန်​ဖြေလိုက်သည်။ "ညီကို၊ မင်းဒြပ်စင်အခွံမာကောင်ကိုလိုတာက ကျွန်း​ဝေလငါးကို ကိုယ်တိုင်ပျိုး​ထောင်ဖို့မလား။ ကျွန်း​ဝေလငါးနှင့် ဒြပ်စင်အခွံမာကောင်ကို ပျိုး​ထောင်ဖို့လိုတဲ့ ကုန်ကျစရိတ်နဲ့အရင်းအမြစ်​တွေက နည်းနည်း​လေးမဟုတ်ဘူး​နော်။"

လင်းယွမ်က ဖုံးကွယ်ဖို့မကြိုးစားဘဲ ​ခေါင်းညိတ်၏။ "ငါဒီသ​​န္ဓေ​ပြောင်း​ကျွန်း​ဝေလငါးနဲ့ လဲလှယ်ဖို့ဆုံးဖြတ်ထားပြီးမှ​တော့ ငါကြိုးစားကြည့်ချင်တာ​ပေါ့။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now