အခန်း ၂၈၁ - အရင်းအမြစ်သဲမှ ရက်လုပ်​သော ​မွမ်းမံခြင်းကွန်ရက်

310 34 0
                                    

အခန်း ၂၈၁ - အရင်းအမြစ်သဲမှ ရက်လုပ်​သော ​မွမ်းမံခြင်းကွန်ရက်

လုံ​ထောင်သည် ခွန်အားကိုမဖုံးကွယ်ထားဘဲ ​​ဦး​ဆောင်လျက် လင်းယွမ် လ​ရောင်ဖြာနန်း​​တော်၌ မြင်ခဲ့ရ​သော သမိုင်းမတိုင်မီ​​ခေတ်က သားရဲဖြစ်သည့် ပင်လယ်ဘုရင်ထုံး​ကျောက်​မောဆာ​ဆောရပ်စ်ကို ဆင့်​ခေါ်လိုက်သည်။

လုံ​ထောင် ၎င်းကိုဆင့်​ခေါ်​လိုက်​သောအခါ ရှိ​​နေကြသည့် ဝိညာဉ်ချီပညာရှင်များ၏တိုက်ခိုက်​ရေးဝိညာဉ်များ​မှာ ချက်ချင်းလှုံ့ဆော်ခံလိုက်ရသည်။ ကပ်​ဘေးကျ​ရောက်ပြီဟု ​တွေးထားကြ​သော ဝိညာဉ်ချီပညာရှင်များ၏ မျက်ဝန်းများသည် ​မျှော်လင့်ချက်ဖြင့်​တောက်ပလာကြသည်။

သမိုင်းမတိုင်မီ​ခေတ်က အမည်နှင့် ပင်လယ်ဘုရင်​မောဆာ​ဆောရပ်စ်သည် အမြဲတ​စေ လုံ​ထောင်၏မူပိုင်ဝိညာဉ်သားရဲဖြစ်ခဲ့သည်။ သို့​သော် လုံ​ထောင်၌ ထိုပင်လယ်ဘုရင်​မောဆာ​ဆောရပ်စ်မှလွဲပြီး တခြားဝှက်ဖဲများရှိ၊ မရှိကို​တော့ လင်းယွမ်မသိပါ​ချေ။

ပင်လယ်ဘုရင်​မောဆာ​ဆောရပ်စ်သည် ပလက်တီနမ် ၁၀/ဆန်းပြား ၃ အဆင့်၌ ရှိ​​​နေဆဲပင်။

ရှင်းလင်းစွာပင် လုံ​ထောင်သည် ဘီ-အဆင့်ဝိညာဉ်ချီပညာရှင်အဆင့်တွင် ပိတ်ဆို့​နေ​သေးပြီး ​​အေ-အဆင့်သို့ မချိုးဖျက်နိုင်​သေးပါ​ပေ။

အကယ်၍ ​အေ-အဆင့်သို့ ​ရောက်လာခဲ့ပါက ဤပလက်တီနမ် ၁၀/ဆန်းပြား ၃ ပင်လယ်ဘုရင်​မောဆာ​ဆော​ရပ်စ်သည် စိန်အဆင့်သို့တက်လှမ်းနိုင်​ပေလိမ့်မည်။ ထိုအခါ လုံ​ထောင်ကို ဘုရင်အဆင့်ကျွမ်းကျင်သူဟု ​ခေါ်နိုင်​ပေမည်။

သူ၏လက်ရှိခွန်အားဖြင့်ဆိုပါလျှင် တိုက်ပွဲစွမ်းရည်မှာ တချို့သာမန် ဘုရင်အဆင့်ကျွမ်းကျင်သူများထက် ပို၍အံ့အားသင့်​ကောင်း​နေပြီဖြစ်သည်။ ဆန်းပြားမျိုးသန့်ဝိညာဉ်သားရဲတစ်​ကောင်အတွက် ဆန်းပြား ၃ သို့​​ရောက်ရန် အလွန်ခက်ခဲပါသည်။

​ကျောက်​ရှောင်ချွင်နှင့် ဖန်​သော​သောတို့ကလည်း မိမိတို့၏ဝိညာဉ်သားရဲများကို ဆင့်​ခေါ်လိုက်ကာ အ​ပြေးအလွှားလာကြ​သော မိစ္ဆာများကိုတိုက်ခိုက်လိုက်ကြသည်။ ချန်ဟုန်ဖုန်းသည် ​ရှေ့ကိုမတက်သွား​သော်လည်း ​နောက်တန်း၌​နေ၍ သူ၏စာချုပ်ချုပ်ဝိညာဉ်သားရဲ ဧရာမရွှံ့မြီးဖွတ်ကို ဆင့်​ခေါ်လိုက်သည်။ ရွှံ့ကိုသုံး၍ မိစ္ဆာတပ်၏ ​မှော်စွမ်းအားထိခိုက်မှုနှင့်ပတ်သက်ပြီး ထိန်းချုပ်​ဖြေရှင်းရန် အမိန့်​​ပေးသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now