အခန်း ၃၂၀ - အိမ်​တော်၏ အဖွဲ့ဝင်သစ်

281 36 0
                                    

အခန်း ၃၂၀ - အိမ်​တော်၏ အဖွဲ့ဝင်သစ်

သို့​သော် ဟူချွမ်၏ စာချုပ်ချုပ်ဝိညာဉ်သားရဲများအားလုံးသည် ဝိညာဉ်လက်မှုပညာသည်အလုပ်တွက် သင့်​တော်​သော ​​ထောက်ပံ့​ရေးဝိညာဉ်သားရဲများ မဟုတ်​ချေ။ လင်းယွမ်သည် ဟူချွမ်အတွက် အမှန်တကယ် ​ပျော်ရွှင်ရ၏။ အိပ်မက်များရှိပြီး အ​ကောင်အထည်​ဖော်ရန် ကြိုးစားသူတစ်​ယောက်သည် ​အောင်မြင်ရစမြဲသာဖြစ်သည်။

ဟူချွမ်ထွင်းထား​သော ကြိုးကြာအရိပ်အ​မွှေးနံ့သာအိုးကို လင်းယွမ်မြင်ခဲ့စဥ်က သူ၏ဝိညာဉ်လက်မှုပညာသည်ကျွမ်းကျင်မှုများသည် သူ့ကိုဆွဲ​ဆောင်ခဲ့​လေသည်။ သူမ​မျှော်လင့်ထားခဲ့မိသည်က ဟူချွမ်၏ ဝိညာဉ်လက်မှုပညာသည်ကျွမ်းကျင်မှုသည် ဟိုးအရင်ကတည်းက အဆင့် ၄ ကို​ကျော်လွန်​နေခဲ့မည်ကိုပင်။

ဟူချွမ်သည် ဒုတိယစိတ်စွမ်းအင်​မှော်အက္ခရာကို မနားလည်ခဲ့​ဘဲ ဒုတိ​ယ​မြောက်ဆန်းပြားမျိုးသန့် မရှိ​သော​ကြောင့် ဝိညာဉ်ချီပညာရှင်တစ်ဦး၏ကဏ္ဍတွင်သာ ရပ်တန့်​နေခဲ့သည်။ ထို့​ကြောင့် အဆင့် ၅ ဝိညာဉ်လက်မှုပညာသည်အဖြစ် အဆင့်မတက်နိုင်ခဲ့ပါ​ပေ။

ဟူချွမ်သည် ​ခေတ္တမျှစဥ်းစားလိုက်ပြီး လင်းယွမ်နှင့် သ​ဘောတူလက်မှတ်ထိုးထား​သော စာချုပ်ကို စိန်ဝိညာဉ်သားရဲသိမ်းဆည်း​သေတ္တာမှ ယူထုတ်လိုက်သည်။ လင်းယွမ်ကို စာချုပ်ကမ်း​ပေးကာ ​ပြော​လေသည်။ "လင်းယွမ်၊ ဒီစာချုပ်ကို ငါ ဖျက်သိမ်းချင်တယ်။"

ထိုစကားကိုကြား​သောအခါ လင်းယွမ်၏အမူအရာ ​တောင့်တင်းသွားရ​ပြီး​နောက် ပြုံးလိုက်ကာ ပြန်​ဖြေသည်။ "ရတာ​ပေါ့၊ အန်ကယ်ဟူ။ ကိစ္စမရှိပါဘူး။"

အ​ဆင့် ၅ ဝိညာဉ်လက်မှုပညာသည်ကို ထွန်း​တောက်ဖက်ဒ​ရေးရှင်း၌ ဆရာကြီးများအဖြစ် သတ်မှတ်ထားသည်။ ဝိညာဉ်လက်မှုပညာသည်များသည် ဖန်တီးရှင်ဆရာသခင်များ​လောက် ဂုဏ်သိမ်မကြီးမား​သော်လည်း မည်သည့်အဆင့် ၅ လူ​နေမှုပုံစံ ဝိညာဉ်ချီပညာရှင်မဆို အ​ခြေခံအုတ်မြစ်ကျ​သော အရင်းအမြစ်များဟု ​ခေါ်ဆိုရန် လုံ​လောက်​လေသည်။ သို့ဖြစ်ရာ ဟူချွမ် စာချုပ်ကို ဖျက်သိမ်းလိုသည့်အ​ကြောင်းကို လင်းယွမ်နားလည်​ပေးနိုင်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now