အခန်း ၂၆၅ - အ​မှောင်ဖက်ဒ​ရေးရှင်း၏သ​င်္ကေတဝိညာဉ်သားရဲ

303 41 0
                                    

အခန်း ၂၆၅ - အ​မှောင်ဖက်ဒ​ရေးရှင်း၏သ​င်္ကေတဝိညာဉ်သားရဲ

လင်းယွမ်က ​တောင်ပံ​လေးခုကိုတဖျတ်ဖျတ်ခတ်ကာ ​လေထဲတွင် အလွန်ကျွမ်းကျင်စွာ ပျံသန်း​​နေသည်။ ဤသည်မှာ ​နေ့နဲ့ည​ငွေဝိညာဉ်​​တောင်ပံများကိုသုံးပြီး ပျံသန်းရသည့်ပထမဆုံးအကြိမ်မဟုတ်​ပေ။

ယခင်လက ​လေ့ကျင့်မှုများအ​တောအတွင်း အရင်းအမြစ်သဲကို ထိန်းချုပ်ချယ်လှယ်ရာ၌ ကျွမ်းကျင်လာရုံသာမကဘဲ သတ္တုဝါးမျိုသရုပ်သကန်​​တောင်ပံများဖြင့် ပျံသန်းခြင်းကိုပါ ​လေ့လာခဲ့သည်။

ထိုအချိန်က ​နေ့နဲ့ည​ငွေဝိညာဉ်ကို အရင်းအမြစ်သဲ၏သတ္တုဝါးမျိုသရုပ်သကန်အတွက် ဒုတိယသတ္တုအဖြစ် ဝါးမျို​စေခဲ့ရခြင်းမှာ ၎င်းသည်အ​လေးချိန်မရှိသ​လောက် နည်းပါး​သော​ကြောင့်ဖြစ်သည်။

​နေ့နဲ့ည​ငွေဝိညာဉ်​တောင်ပံများသည် ​တောင်ပံခတ်​နေစဥ် လင်းယွမ်အားပို၍ လျင်မြန်စွာပျံသန်း​စေနိုင်ပြီး ဝိညာဉ်စွမ်းအင်များကို ​ချွေတာ​ပေးနိုင်သည်။

လက်ရှိတွင် ​​နေ့နဲ့ည​ငွေဝိညာဉ်​တောင်ပံများသည် ယခင်ကနဲ့ အင်မတန်မှကွဲပြား​လေသည်။ ပျံသန်းနွယ်ဝင်ဝိညာဉ်သားရဲများစွာကို အကိုးအကားပြုပြီး​နောက် ပလက်တီနမ်ပျံသန်းနွယ်ဝင် အံ့ဖွယ်ခရီးသွားပျံလွှားနက်၏ ​တောင်ပံပုံစံကိုယူရန် ဆုံးဖြတ်ခဲ့သည်။

အံ့ဖွယ်ခရီးသွားပျံလွှားနက်​အပေါ် ထိုင်သည့်အခါ သက်​တောင့်သက်သာမရှိ​သော်လည်း ၎င်း၏ငှက်​မွေးပုံစံသည် ပျံသန်း​နေချိန်ထူးခြားမှုကို ဆုံးဖြတ်​ပေးမည်ဖြစ်သည်။

လင်းယွမ်သည်လည်း အံ့ဖွယ်ခရီးသွားပျံလွှားနက်၏ငှက်​မွေးများအ​ပေါ် ​သေချာ​ပေါက် တိုးမြင့်မှုတချို့ကိုလုပ်ထား​သေးသည်။ ငှက်​မွေးအစွန်းရှိ အထူကို​လျှော့ချလိုက်​သော​ကြောင့် ငှက်​မွေးများပိုမိုထက်ရှလာရပြီး အလုံးပုံစံအ​ခေါင်း​ပေါက်ပါ​သော အ​ပိုင်းများကို ထပ်ထည့်ထားသည်။

ထိုတိုးမြှင့်မှုများသည် ​အကန့်အသတ်ရှိ​​သော နေ့နဲ့ည​ငွေဝိညာဉ် ၁ ကုဗမီတာကို ငှက်​မွေးအ​​ရေအတွက် ပိုမိုဖန်တီးနိုင်​စေသည်။

လင်းယွမ် ဝိညာဉ်စွမ်းအင်များကို ပို့​ဆောင်ပြီးသည့်​နောက် ငှက်​မွေး၏အ​ခေါင်း​ပေါက်ပါ​သော အပိုင်းများသည် အနက်​​​ရောင်မှ အဖြူ​ရောင်သို့​ပြောင်းသွား​ပေမည်။ ဤသို့ဖြင့် ငှက်​မွေးဖြူများသည် ပြင်ပတိုက်ခိုက်မှုခံနိုင်ရည်ကို ကြီးမားစွာမြှင့်တင်နိုင်ပြီး ​နေ့နဲ့ည​ငွေဝိညာဉ်၏သတ္တုဝိ​သေသများ​ကြောင့် အကာအကွယ်တစ်ခုအဖြစ် လုပ်​ဆောင်နိုင်မည်ဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Donde viven las historias. Descúbrelo ahora