အခန်း ၂၁၀ - ပြီးပြည့်စုံတဲ့အ​​ခြေအ​နေမှာရှိ​​နေတဲ့ ​မောဘီးယပ်စ်

355 46 0
                                    

အခန်း ၂၁၀ - ပြီးပြည့်စုံတဲ့အ​​ခြေအ​နေမှာရှိ​​နေတဲ့ ​မောဘီးယပ်စ်

ထိုအသံကိုကြားလိုက်စဥ် ခဏချင်း ဝမ်း​မြောက်သွားသည်။ ​မောဘီးယပ်စ်သည် ပြန်လည်ထူ​​ထောင်ရန် နှစ်နှစ်ခြိုက်အိပ်​မောကျ​နေခဲ့သည်မှာ ​လေးလပင်ရှိ​နေခဲ့သည်။ ဤ​လေးလအတွင်း တစ်ခါမှမနိုးထလာသည့်အတွက် ရုတ်တရက်နိုးထလာမှုသည် စင်စစ်အံ့ဖွယ်တစ်ခုပင်ဖြစ်လာသည်။

"​မောဘီးယပ်စ် ​နောက်ဆုံး​​တော့ မင်းနိုးလာပြီပဲ။"

​မောဘီးယပ်စ်သည် အိပ်​မောကျရာမှ နိုးလာခဲ့ပြီး ချက်ချင်းပင် ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်မှ လင်းယွမ်ကို တိုက်ရိုက်စကား​ပြောလာသည်။

၎င်းသည် သူ့အသက် ၈ နှစ်တွင် သူမသိပါဘဲ သူနှင့် စာချုပ်ချုပ်ထားခဲ့သည်။

ထိုအချိန်က လင်းယွမ်၏ဝိညာဉ်စွမ်းအင်ကို ကာကွယ်ရန်အတွက် ​​​​​မောဘီးယပ်စ်သည် မိမိကိုယ်ကိုနာကျင်​စေပြီး ကိုယ်တိုင်ချိပ်ပိတ်ခဲ့သည်။ ၈ နှစ်အရွယ် လင်းယွမ်​​လေး၏ ဝိညာဉ်စွမ်းအင် မပြိုလဲသွားရ​​အောင် ​သေချာ​စေပြီး​နောက် အိပ်​မောကျသွား​တော့သည်။

လွန်ခဲ့သည့်လအနည်းငယ်က ​မောဘီးယပ်စ်ပထမဆုံးအကြိမ်နိုးလာမှသာ လင်းယွမ်သတိပြုမိခဲ့ရသည်။ သို့​သော် ​မောဘီးယပ်စ်အတွက်​တော့ ဆယ်စုနှစ်တစ်ခုကြာ သူ၏ဝိညာဉ်သားရဲတစ်​ကောင်ဖြစ်​နေခဲ့တာပင်။ ထို့​ကြောင့် ၎င်း၏မှီခိုအားထားမှုနှင့် ခင်တွယ်မှုသည် ဟိုးအကြာကြီးကတည်းက သူ့ခန္ဓါကိုယ်နက်နက်ရှိုင်းရှိုင်းတွင်းသို့ ဝင်​ရောက်နှင့်ပြီးသားပင်။ ထိုသို့​သောခံစားချက်မျိုးသည် ​ရိုးရှင်း​​သော သွေးလိုင်းဆက်နွယ်မှုသာမဟုတ်​ပေ။

​မောဘီးယပ်စ်နိုးထလာသည်နှင့် လင်းယွမ်၏အသံကိုကြားလိုက်ရသည့်အခါ ​​နှစ်သက်​ပျော်ရွှင်သွားမိသည်။ "ယွမ် အိပ်​​မောကျပြီးနိုးလာ​တော့ ငါ့ရဲ့အ​ခြေအ​​နေက လုံးဝပြန်​ကောင်းသွားပြီ။"

သူ၏စကားများကိုကြားလိုက်ရာ သူအတန်ငယ်ပ​ဟေဠိဖြစ်သွားသည်။ သူ၏အ​ခြေအ​နေကို အာရုံခံကြည့်လိုက်မှသာ စွမ်းရည်တစ်ခုတိုးလာ​ကြောင်း အံ့အားသင့်ဖွယ်​တွေ့လိုက်ရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now