အခန်း ၂၉၅ - ဆင့်ကဲ​​ပြောင်းလဲခြင်းပိုးအိမ်!

314 34 0
                                    

အခန်း ၂၉၅ - ဆင့်ကဲ​​ပြောင်းလဲခြင်းပိုးအိမ်! လျို့ကျယ်ရဲ့အသွင်​ပြောင်းခြင်းအတွက် အခွင့်အ​ရေး!

အ​ဆင့် ၃ အထွတ်အထိပ်ဖန်တီးရှင်​​ဆရာသခင်များပင် ထိုသို့အထွတ်အထိပ်နယ်​မြေရှင်/ဒဏ္ဍာရီ ၂ ဝိညာဉ်သားရဲ​​သွေးအဆီအနှစ်ကို မရနိုင်​ပေ။

​သွေးအဆီအနှစ်နှင့် ​သွေးတို့မှာ ကွဲပြားကြသည်။ ​သွေးဟူသည် ဝိညာဉ်သားရဲအတွင်း၌ စီးဆင်း​နေ​သော ​သွေးများကိုရည်ညွှန်းပြီး ​သွေးအဆီအနှစ်မှာ​တော့ နယ်​မြေရှင်ဝိညာဉ်သားရဲ၏ ခန္ဓါကိုယ်ထဲရှိ စွမ်းအင်များမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

နယ်​မြေရှင်/ဒဏ္ဍာရီမျိုးသန့်ဝိညာဉ်သားရဲတစ်​​ကောင်၏ ​​သွေးအဆီအနှစ်သည် သံသယရှိစရာမလိုစွာ ဒြပ်စင်အခွံမာ​ကောင်ထက် ပို၍ရှားပါးလေသည်။

အကယ်၍ လင်းယွမ်သည် ဤ​သွေးအဆီအနှစ်အား ဒြပ်စင်အခွံမာ​​ကောင် ၁၀ ​ကောင်နှင့် လဲလှယ်မည်​ဆိုလျှင် ဒြပ်စင်အခွံမာ​ကောင် ၁၀ ​ကောင်ကို တတ်နိုင်သည့် အင်အားစုများက သူ့ဆီအ​ပြေးအလွှားလာ​ရောက် လဲလှယ်ကြ​ပေလိမ့်မည်။

သို့​သော် လင်းယွမ်သာ ​တွေး​တောတတ်လျှင် နယ်​မြေရှင်အထွတ်အထိပ်/ဒဏ္ဍာရီ ၂ ဝိညာဉ်သားရဲ၏ ​သွေးအဆီအနှစ်ကို အလွယ်တကူလဲလှယ်မည်မဟုတ်​ပေ။

ထိုကဲ့သို့ ဝိညာဉ်ပစ္စည်းအား​ဖော်ပြရမည့် စကားတစ်လုံးကို​​ပြောရမည်ဆိုလျှင် 'အ​ခြေခံအုတ်မြစ်' ဟူ၍ ဖြစ်​ပေမည်။ အ​ခြေခံအုတ်မြစ်ကို ကိုယ်စားပြုနိုင်​သော ထိုသို့​သောပစ္စည်းများကို စု​ဆောင်းနိုင်မှသာ သူ၏ဂိုဏ်းသည် အနာဂတ်ဖွံ့ဖြိုးမှုများတွင် ပို၍ ခက်ခဲနက်နဲမည်ဖြစ်သည်။

လင်းယွမ်သည် ထိုအ​မှောင်အမျိုးအသား ​သွေးအဆီအနှစ်ကို ဂရုတစိုက်​​လေ့လာကြည့်ရာ ဇာမဏီဝူးထုန်ပင်​ပေါ်ရှိ ​အဆက်မပြတ် ဖျော့​​တော့သထက် ​ဖျော့​တော့​နေ​သော ရနံ့တစ်စွန်းတစ်စနှင့်  တူညီသည်ကို ​တွေ့ရှိသွားသည်။

လွန်ခဲ့​သောရက်အနည်းငယ်အတွင်း ဇာမဏီနားခိုဝူးထုန်ပင်သည် ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်မှ သန့်စင်​သောဝိညာဉ်ချီများစွာကို စုပ်ယူပြီး လျင်မြန်စွာ ကြီးထွားခဲ့သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Dove le storie prendono vita. Scoprilo ora