အခန်း ၂၆၆ - နဂါးမုဒ်ဝ​၏ ထွက်ပေါ်လာမှု

300 37 0
                                    

အခန်း ၂၆၆ - နဂါးမုဒ်ဝ​၏ ထွက်ပေါ်လာမှု

အပြာရင့်​ရောင် ​ရှေး​ခေတ်အဝတ်အစားများ ဆင်မြန်းထား​သော လူငယ်​လေးတစ်​ယောက်ရှိ​နေသည်။ သူသည် ထိုးထွက်​နေသည် ခရမ်းရင့်​ရောင်​ကျောက်တုံးတစ်ခု​ပေါ်ရပ်လျက် မီးဒြပ်စင်များကို လျင်မြန်စွာစုပ်ယူ​နေ​သော ကြက်​သွေး​ရောင်စုပ်ဝဲကို မျက်နှာချင်းဆိုင်​နေသည်။

​လေထုထဲ၌ လွင့်​မျော​နေသည့် အနီ​ရောင်နှင့် အပြာ​ရောင်​ရေခူတစ်​ကောင်စီရှိ​နေပြီး အပြာရင့်​ရောင်ဝတ်စုံဖြင့် လူငယ်​လေးကို လှည့်ပတ်​နေသည်။ အုန်းမှုန့်ခွက်​ကေဖြင့် လူငယ်တစ်​ယောက်သည် တစ်ကိုယ်လုံးအပြာရင့်​ရောင်ရှိကာ ထူးဆန်းသည့်အပြာ​ဖျော့ပုံစံများရှိ​သော ဧရာမငါးလက်ထုံကို အမိန့်​ပေး​နေသည်။

ဧရာမငါးလက်ထုံသည် အဆင့် ၃ အသူတရာ​ချောက်သက်ရှိ ဦးချိုမြီးမိစ္ဆာအုပ်စုများကို လျင်မြန်စွာ သတ်ဖြတ်​နေခဲ့သည်။ ၎င်းတို့အား အဆင့် ၃ မိစ္ဆာများအကြားတွင် ပြင်ပခွန်အား အသန်မာဆုံးဟု ယူဆနိုင်သည်။

ဦးချိုမြီးမိစ္ဆာများ၏ အသန်မာဆုံးတိုက်ခိုက်မှုမှာ ဆူးများရှိသည့် ​ကြေးခွံသံချပ်အမြီးသုံး​ချောင်းဖြင့် ​ဝေ့ယမ်းကာရိုက်ခတ်၍ ထိုးစိုက်ခြင်းဖြစ်သည်။ ထို​ကြေးခွံသံချပ်အမြီးဖြင့် အရိုက်ခံရလျှင် ​ငွေသတ္တုများပင် ကျိုးပဲ့သွားနိုင်သည်။ အမြီးရှိဆူးနဲ့ထိုးမိပါက ​ငွေသတ္တုအများအပြားသည် ချက်ချင်းပင်ထိုး​ဖောက်ခံလိုက်ရနိုင်သည်။

သို့​သော် ​ရွှေဝိညာဉ်သားရဲများနှင့် ညီမျှ​သောထို​ဦးချိုမြီးမိစ္ဆာအုပ်စုငယ်​လေးသည် ဧရာမငါးလက်ထုံထံမှ မ​ရေမတွက်နိုင်​သော အစိတ်အပိုင်းများအဖြစ် ပိုင်းဖြတ်ခံလိုက်ရသည်။ ဦးချိုမြီးမိစ္ဆာများသည် ဧရာမငါးလက်ထုံကို အမြီးများဖြင့် အပြင်းအထန်ရိုက်ခတ်​နေ​လေသည်။ သို့​​​သော် အမြီးအားလုံး၏ရိုက်ခတ်မှုဖြင့်ပင် ဧရာမငါးလက်ထုံကို အန္တရာယ်​ပေးရန် မလုံ​လောက်ပါ​ပေ။

အမှန်တွင် အမြီးများမှာ ဧရာမငါးလက်ထုံအနားရှိ ​ရေအကာအကွယ်ကို ရိုက်မိသည့်အခါ၌ သိသာ​လောက်​သော လှိုင်းကြက်ခွပ်တစ်ခုမှ မထလာ​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now