အခန်း ၂၇၉ - ရုတ်တရက်ဆန်​သော မိစ္ဆာပင်လယ်

296 34 0
                                    

အခန်း ၂၇၉ - ရုတ်တရက်ဆန်​သော မိစ္ဆာပင်လယ်

လင်းယွမ် ​ခေတ္တမျှ​ရေရွတ်​နေပြီး​နောက် ​ခေါင်းကိုညင်သာစွာ ခါယမ်းကာ ​​ပြောသည်။ "အဖွဲ့အစည်း​တွေထဲဝင်ဖို့ ငါ့မှာ အစီအစဥ်တစ်ခါမှ မရှိခဲ့ဘူး။ "

လင်းယွမ်သည် အလွန်ပွင့်လင်းကာ ဖိတ်​ခေါ်မှုကို ငြင်းပစ်ရန်လည်း ရှက်ရွံ့​မ​နေ​ပေ။ အဆုံးတွင်​တော့ အဖွဲ့အစည်းနှင့်ပတ်သက်ပြီး လင်းယွမ်၏ရင်ထဲတွင် အစီအစဥ်များ ချမှတ်ပြီး​နေပြီပင်။

လုံ​ထောင်၏ အမူအရာမှစိတ်ပျက်သွား​သော်လည်း စိတ်ဓါတ်​တော့မကျသွား​ပေ။ ထိုအစား အပြုံးတစ်ပွင့်ဖြင့် လက်ကိုဆန့်တန်းလိုက်သည်။ "ငါ့နာမည်က လုံ​ထောင်ပါ။ သူငယ်ချင်းဖြစ်ကြရ​အောင်။"

လင်းယွမ်၏ 'အဖွဲ့အစည်း​တွေထဲဝင်ဖို့ ငါ့မှာအစီအစဥ်တစ်ခါမှ မရှိခဲ့ဘူး'ဟူ​သော စကားအရ အနာဂတ်၌ ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု တည်​ထောင်ရန် စီစဥ်​နေ​ကြောင်း လုံ​ထောင်သိလိုက်ရသည်။

  သူအငြင်းခံရစဥ်က စိတ်မပျက်ခဲ့ပါဟုဆိုလျှင် လိမ်ရာကျ​ပေမည်၊ သို့​သော် စိတ်ပျက်မှုအရိပ်အ​ယောင်​လေးသာဖြစ်သည်။ ​နောက်ဆုံး​​​တော့ သူ​ငွေမျက်နှာဖုံးရှင်အနက်ကိုရှာ​နေခဲ့သည်မှာ တစ်ရက်နှစ်ရက်သာမဟုတ်ပါ​ပေ။

လုံ​ထောင်သည် အနက်ကိုအဖွဲ့ဝင်အဖြစ် စု​ဆောင်းလိုသည့်အချိန်ကစ၍ တစ်ခါမျှအ​တွေးမ​ပြောင်းဖူး​ပေ။ အနက်၏ အစီအစဥ်များကိုသိလိုက်ရ​သောအခါ အနက်မှာ လွန်ခဲ့​​သောနှစ်အနည်းငယ်က သူနဲ့တူသည်ဟု သူခံစားလိုက်ရသည်။

လုံ​ထောင် ဆုံးဖြတ်ချက်ချခဲ့​သော အချိန်တုန်းက နဂါးမုဒ်ဝအဖွဲ့အစည်းကို သူတစ်​ယောက်တည်းသာ ဖန်တီးခဲ့ရခြင်းဖြစ်သည်။ အကယ်၍ သူသာအနက်၏အရွယ်၌ရှိပြီး  ထိပ်ဆုံးအဆင့်သုံးဝင် ​အေ-အ​ဆင့်အဖွဲ့အစည်း၏ဖိတ်​ခေါ်မှုကို ခံခဲ့ရလျှင် ငြင်း​ဆန်မည်ဆိုလျှင်ပင် အလွန်တည်ငြိမ်စွာ ငြင်းဆန်နိုင်မည်မဟုတ်​ပေ။

လုံ​ထောင်သည် အဘယ်​ကြောင့် အစစ်အမှန်သူငယ်ချင်းတစ်​ယောက်ကို ​တွေ့လိုက်ရသည်ဟု ရုတ်တရက် ခံစားလာရမှန်းမသိပါ​​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Kde žijí příběhy. Začni objevovat