အခန်း ၂၉၄ - အရိုး​ချေသူမိခင်​သွေးချိုးကန်

307 33 0
                                    

အခန်း ၂၉၄ - အရိုး​ချေသူမိခင်​သွေးချိုးကန်

သို့​သော် လင်းယွမ်သည် လျို့ကျယ်အား သူ့အဖွဲ့ထဲဝင်လိုခြင်းရှိမရှိ ​မေးရဦးမည်ဖြစ်သည်။ သူသည် လျို့ကျယ်အား ထိန်းသိမ်းသူအဖြစ်သာမကဘဲ လုပ်​ဖော်ကိုင်ဖက်၊ သူငယ်ချင်းအဖြစ် အမြဲတ​စေ သတ်မှတ်ထားခဲ့သည်။

သို့ဖြစ်ရာ လျို့ကျယ်၏ဆုံးဖြတ်ချက်ကို သူ​လေးစားမည်ဖြစ်ကာ သူ့ကိုယ်ပိုင်ဘဝကိုဩဇာ​ပေးမည်မဟုတ်​ပေ။

လျို့ကျယ် သူ့အဖွဲ့အစည်းသို့ ဝင်လိုလျှင်ပင် လင်းယွမ်နှင့် လျို့ကျယ်နှစ်​ယောက်သာရှိ​သေးသည်။

အဖွဲ့အစည်းတစ်ခုသာ ထွန်း​တောက်​သောဖက်ဒ​ရေးရှင်းမဟာမိတ်အဖွဲ့အစည်းမှ ကျင်းပ​သော အက်စ်တံခွန်စိုက်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်လိုလျှင် အ​ခြေခံလိုအပ်ချက်မှာ အဓိကအဖွဲ့အတွက် အဖွဲ့ဝင်ငါး​ယောက်စု​ဆောင်းရန်ဖြစ်သည်။

သို့မဟုတ်ပါက အက်စ်တံခွန်စိုက်ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်ကို မှတ်ပုံတင်ရန်ပင် အရည်အချင်းပြည့်မီမည်မဟုတ်​ပေ။

ထို့​ကြောင့် သူ၏အဖွဲ့အစည်းသည် အဓိကအဖွဲ့အတွက် အနည်းဆုံးလူသုံး​ယောက်​လောက်လို​နေသည်။ အက်စ်တံခွန်စိုက်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်လို​သော အဖွဲ့အစည်းသည် အဓိကအဖွဲ့တစ်ခုသာရှိရမည်မဟုတ်​ပေ။ အရံအဖွဲ့လည်း ရှိရမည်ဖြစ်သည်။
(သီးသန့်အဖွဲ့အား အရံအဖွဲ့ဟု ​ပြောင်းလဲပြန်ဆိုသွားပါမည်။)

ယင်းတို့အားလုံးသည် လင်းယွမ်ရင်ဆိုင်ရမည့် ပြဿနာများဖြစ်သည်။ အရာအားလုံးကို ကာလရှည် အစီအစဥ်ဆွဲဖို့ လို​သေးသည်။ အဖွဲ့ဝင်များကို ခွန်အားအ​ပေါ် အ​ခြေခံ၍ ​ရွေးချယ်မည်မဟုတ်​ပေ၊ အ​ကြောင်းမှာ အဖွဲ့တစ်ခုအတွင်းရှိ အဖွဲ့သားများသည် အချင်းချင်းသံ​ယောဇဥ်ရှိဖို့လိုအပ်ကာ တိုက်ပွဲ၌ အချင်းချင်းယုံကြည်နိုင်မည့်လုပ်​ဖော်ကိုင်ဖက်များ ဖြစ်လာရမည့်အတွက်​ကြောင့်ပင်။

ထို့​ကြောင့် လင်းယွမ်သည် အဖွဲ့ဝင်များ​ရွေးချယ်ရာ၌ ဂရုမစိုက်၍မဖြစ်ပါ​ပေ၊ ငါး​ယောက်ပြည့်ဖို့ရန် အရည်အ​သွေးမမီ​သော အဖွဲ့ဝင်များကိုလည်း သူရှာ​ဖွေမည်မဟုတ်​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Hikayelerin yaşadığı yer. Şimdi keşfedin