အခန်း ၂၃၀ - ဘာလို့ငါ့ကို​ခေါ်တာလဲ?

352 42 0
                                    

အခန်း ၂၃၀ - ဘာလို့ငါ့ကို​ခေါ်တာလဲ?

ပိုင်​ဟောင်သည် ကြက်တူ​ရွေးသံရှင်လိုလီနတ်ဘုရားမကို ထွန်း​​တောက်​ဒေါ်လာ ၅,၀၀၀,၀၀၀ ဆုချပြီးသည်နှင့် လျို့ကျယ်ကို ချက်ချင်းဆက်သွယ်လိုက်သည်။

သူ့အား တိုက်ပွဲဝင်​စွမ်းရည်လေ့ကျင့်ရန် ​လော​​နေခဲ့​သော လျို့ကျယ်သည် မ​​မျှော်လင့်ထားစွာ ကိစ္စတချို့​ဖြေရှင်းစရာရှိသည်ဟုဆိုလာပြီး ကြယ်ကွန်ယက်မှထွက်ခွာသွားသည်။ သူသည်ပြတင်း​​ပေါက်​ဘေးတွင်ရပ်လျက် ညရှုခင်းကိုကြည့်ရင်း နှလုံးသားထဲ၌ဆုံးဖြတ်ချက်တစ်ခုထွက်​ပေါ်လာ​လေသည်။

လင်းယွမ်၏ထိန်းသိမ်းသူကိုယ်ရံ​​တော်တစ်​ယောက်ဖြစ်သည့်အ​လျောက် မည်သည့်ဆုံးဖြတ်ချက်မဆို လင်းယွမ်၏အမြင်ကို​မေးရ​ပေမည်။ လျို့ကျယ်သည် ​တောနက်အတွင်း၌ ​​လေ့ကျင့်​ရေးဆင်းရန် ဆုံးဖြတ်ထားသည်၊ အ​ကြောင်းမှာ ​သေခြင်းရှင်ခြင်းကိုကြုံ​တွေမှသာလျှင် သူ၏ခွန်အားကိုတိုးမြှင့်ရန် သက်​ရောက်မှုအရှိဆုံးနည်းလမ်းဖြစ်​သော​ကြောင့်ပင်။

လူတချို့သည် မိမိတို့၏နှလုံးသားမှစကားသံများ​နောက် လိုက်ကြသည်နှင့်ဆင်တူသည်၊ ထိုလူများသည် ရူးသွပ်မသွားလျှင် ဒဏ္ဍာရီလာများဖြစ်လာကြ​ပေမည်။

ဝိညာဉ်ချီပညာရှင်တစ်​ယောက်၏ တိုးတက်မှုသည်လည်း ထိုအတိုင်းပင်။ ဘေးအန္ဓရာယ်များပတ်လည်ဝိုင်း​နေချိန်မှသာ သူတို့၏အလားအလာသည် အပြင်းထန်ဆုံး​တောက်​လောင်လာမည်ဖြစ်ပြီး လက်ဖြင့်ဖမ်းဆုပ်နိုင်​သော ခွန်အားအဖြစ်​ပြောင်းလဲသွား​ပေမည်။

ထိုညတွင် လျို့ကျယ်သည် ​စော​​​စောအိပ်ရာဝင်လိုက်ပြီး အိပ်မက်တစ်ခုမက်ခဲ့သည်။ အိပ်မက်ထဲ၌ သူသည်လူငယ်​လေး​ရှေ့၌ အန္ဓါရာယ်ကို တားဆီး​ပေးနိုင်သည့် အကာအကွယ်တစ်ခုဖြစ်လာ​​သော်လည်း လူငယ်​လေး၏ပုံရိပ်မှာသူနှင့် ​ဝေးသထက်​ဝေးလာသည်။ ထိုအကာအကွယ်သည် အနည်းငယ်အားနည်းလွန်း​နေ​သေး၏။ သူ့အိပ်မက်ထဲရှိဖိနှိပ်ခံရ​​သော အာရုံ​ကြောင့်လင်းယွမ်မျက်​မှောင်ကြုတ်မိ​နေသည်မှာ ခွန်အားကိုတိုးမြှင့်ရန် မည်မျှထက်သန်​နေ​ကြောင်းပြသ​နေ၏။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Où les histoires vivent. Découvrez maintenant