အခန်း ၂၇၀ - ​ချပ်ပြားထဲက ထူးဆန်း​သောအရာ

309 34 0
                                    

အခန်း ၂၇၀ - ​ချပ်ပြားထဲက ထူးဆန်း​သောအရာ

​ရွှေ​ရောင်ချပ်ပြားသည် အဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းတစ်ခုလုံးမှ အဓိကပန်းပွင့်၏ အမြစ်များကိုသုံး၍ အမွှာဘုံဗိမ္မာန်နီဆွဲယူ​ထား​သော မီးဒြပ်စင်စွမ်းအင်များကို အရူးအမူးစုပ်ယူ​နေသည်ကို လင်းယွမ်အာရုံခံနိုင်သည်။

ထိုမီးဒြပ်စင်စွမ်းအင်များသည် ​ရွှေ​ရောင်ချပ်ပြားထဲသို့ တိုက်ရိုက်မပို့​ဆောင်ဘဲ အမွှာဘုံဗိမ္မာန်နီ၏ကိုယ်ထည်ထဲတွင် စု​ဆောင်း​နေသည်အား လင်းယွမ်သတိပြုသည်။

သို့​သော် ထိုမီးဒြပ်စင်များထဲတွင်ပါဝင်​သော ဝိညာဉ်ချီပမာဏအ​မြောက်အများကို​တော့ တစ်စက်မကျန်သည်အထိ ​ရွှေ​ရောင်ချပ်ပြားက စုပ်ယူသွားသည်။

ထိုဝိညာဉ်ချီပမာဏအ​မြောက်အများသည် မီးဒြပ်စင်စွမ်းအင်များကိုစုပ်ယူပြီး​နောက် သက်ရှိယဇ်ပူ​​ဇော်မီး၏ ပုံစံ​ပြောင်းလဲခြင်းဖြင့် ဖြစ်​ပေါ်လာသည်။

သက်ရှိယဇ်ပူ​​​ဇော်မီးအတွင်းရှိ အလွန်များပြား​သော ဝိညာဉ်ချီများအား ​ရွှေ​ရောင်ချပ်ပြားက စုပ်ယူသွားသည်။ ဤသက်ရှိယဇ်ပူ​ဇော်မီးကို ထုတ်လုပ်​သော အမွှာဘုံဗိမ္မာန်နီအ​ထောက်အပံ့ပန်းပွင့်သည် သက်ရှိယဇ်ပူ​ဇော်မီးကို ထုတ်လုပ်ရန်လိုအပ်​သော ဝိညာဉ်ချီပမာဏအ​မြောက်အများကို ဖြည့်တင်းရန် သဘာဝကျကျပင် မီးဒြပ်စင်များကို သည်းကြီးမည်းကြီးစုပ်ယူခဲ့သည်။

အမွှာဘုံဗိမ္မာန်နီအ​ထောက်အပံ့ပန်းပွင့်သည် တနည်းအားဖြင့် ရှား​ပါးသက်ရှိယဇ်ပူ​​ဇော်မီး၏ မိခင်နှင့်တူသည်။ ထို့​​ကြောင့် ထိုအမွှာဘုံဗိမ္မာန်နီပန်းပွင့်သည် သက်ရှိယဇ်ပူ​​ဇော်မီးကိုထုတ်လုပ်ပြီးကာ တာဝန်ပြီး​မြောက်သည်မှာရှင်း​နေ​သော်လည်း မညိုးနွမ်း​သေးရခြင်းဖြစ်သည်။

ထိုအခိုက် အမွှာဘုံဗိမ္မာန်နီအရွက်များထက် ပို၍ထည်ဝါ​သောအနီ​ရောင်တစ်ခုက ဂူအတွင်းထွန်းလင်းလာသည်။ အနီ​ရောင်သလင်း​ကျောက်ကဲ့သို့အ​ရောင်သည် ကြက်​သွေး​ရောင်ဝတ်စုံဖြင့် ဆံပင်နီနှင့်မျက်ဝန်းနီများရှိ​သော အမျိုးသမီးတစ်​ယောက်အဖြစ် ဖွဲ့စည်းသွားသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now