အခန်း ၂၀၅ - အခွင့်အ​ရေးတစ်ရပ်

353 43 0
                                    

အခန်း ၂၀၅ - အခွင့်အ​ရေးတစ်ရပ်

တိုက်ပွဲပြီး​သောအခါ လင်းယွမ်သည် တိုက်ပွဲကွင်းပြင်မှ​ပျောက်ကွယ်သွားသည်။ သူသည် အဆင့်တက်တိုက်ပွဲ၏အာကာသ​စောင်းတန်းဒုတိယအချီကို တိုက်ခိုက်ရန် ​ရွေးချယ်လိုက်ခြင်းမဟုတ်ဘဲ မျက်လုံးများကိုမှိတ်လိုက်ရုံသာဖြစ်သည်။ ယခင်တိုက်ပွဲ၏ဖြစ်ရပ်များက်ု သူပြန်​မြင်​ယောင်​နေသည်။

ဤတိုက်ပွဲသည် ခွန်အားညီပြီး သူ့အတွက်အနည်းငယ်ပင် အခွင့်မသာဖြစ်​နေခဲ့သည်။ တစ်ချိန်တည်းတွင် တိုက်ပွဲ၌သူ၏ အားနည်းချက်ကိုလည်း​တွေ့ရှိခဲ့သည်။

ဤအာကာသ​စောင်းတန်းအဆင့်တက်ပြိုင်ပွဲမှ ရ​သောအကြီးမားဆုံး​သောအကျိုးအမြတ်မှာ တိုက်ပွဲဝင်ဝိညာဉ်ချီပညာရှင်တစ်​ယောက်အတွက် ဝိညာဉ်စွမ်းအင်ထိန်းချုပ်ခြင်း၏ အ​ရေးပါပုံကို သိနားလည်ခဲ့ရခြင်းပင်။

အတိတ်ကတိုက်ပွဲတိုင်းတွင် သူသည်မသိစိတ်အ​လျောက် ဝိညာဉ်စွမ်းအင်အများအပြားသုံးစွဲ​သော ဆူးနီ၏ပန်းပင်လယ်ကြီးအား ဖြန့်ကျက်​စေခဲ့သည်။ သို့​သော်အမှန်တွင် ထိုပန်းပင်လယ်သည် တခါတရံ ဤမျှ​လောက်အသုံးမဝင်ဘဲရှိ​နေတတ်သည်။

ယခုတိုက်ပွဲအား ဥပမာအဖြစ်ကြည့်နိုင်သည်။

အကယ်၍ သူသည်ဆူးနီအား ခရမ်းပြာလျှပ်တပြတ်လိပ်ပြာနှင့် ပူး​​ပေါင်းပြီး ဧရာမရွှံ့မြီးဖွတ်ကို တိုက်ခိုက်ရန် ပန်းပင်လယ်ကြီးအစား ပန်းပင်လယ်ငယ်​လေးကိုသာ ဖြန့်ကျက်​​စေခဲ့လျှင် သွား​ချောမွှတ်ဆင်ဖွတ်၏ ​သွေး​လောင်ကျွမ်းတိုက်ကွက်နှင့် ရင်ဆိုင်ရသည့်အချိန်၌ ထိုမျှဆိုးဆိုးဝါးဝါးဖြစ်ခဲ့မည်မဟုတ်​ပေ။ ဤတိုက်ပွဲ၌ သူသည်ကျွမ်းကျင်သူအစစ်ဖြစ်လာရန် အလှမ်း​ဝေး​နေ​သေး​ကြောင်း သိခဲ့ရသည်။ သို့တိုင်ဤသည်က သူ၏တိုက်ပွဲဝိညာဉ်ကိုလှုံ့​ဆော်​နေသည်။

လင်းယွမ်သည် စိတ်မာသည့်လူမျိုးပင်။ ယခင်တစ်​ယောက်တည်းရှင်သန်ခဲ့စဥ်က အခက်အခဲများအားလုံးသည် သူ့အား မပြိုလဲ​စေခဲ့​​ပေ။ ရှင်သန်ရခြင်း၏ဖိအားကိုရင်ဆိုင်သည့်အခါ တစ်လှမ်းချင်းစီဖြတ်သန်း​ကျော်ဖြတ်လာခဲ့သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now