အခန်း ၂၀၇ - ​တောက်ပ​နေ​သောလူငယ်​လေးတစ်​ယောက်

350 43 0
                                    

အခန်း ၂၀၇ - ​တောက်ပ​နေ​သောလူငယ်​လေးတစ်​ယောက်

​တော်ဝင်မြို့​တော်သည် ​ဆောင်း​နှောင်းပိုင်းသို့ ဝင်လာရင်း တဖြည်းဖြည်း​အေး​စက်လာသည်။ ညအခါ​လေတိုက်ချိန်များဆို လူတို့၏အဝတ်များကိုပါ လွင့်​အောင်တိုက်ထုတ်​တော့မည့်ပုံရကာ လူများအားအရိုးထိတိုင် ချမ်း​အေး​စေသည်။ သို့​သော် ​ဆောင်း​နှောင်း​လေသည် အသားကို ဓါး​သေး​​သေးများဖြင့် လှီးဖြတ်​နေသည်နှင့်တူ​​သော ​ဆောင်း​တွင်းလေ​အေးများ​လောက်​တော့ မ​အေးစက်လှ​ပေ။

လက်ရှိတွင်​တော့ ​​ဆောင်း​နှောင်း​လေသည်သာ အ​​အေးစက်ဆုံး​ဖြစ်​နေသည်။ ​နေဝင်သည်နှင့် ​ကောင်းကင်​ပေါ်မှ ​ဖျော့​ဖျော့​လေးမြင်​​နေရ​သော ကြယ်များသည် လူတစ်​ယောက်၏နှလုံးသားကို ကြည်လင်​စေသည်။

လင်းယွမ်သည် အလုပ်များကို လက်စသတ်ပြီး အပြင်ထွက်ရန်ပြင်လိုက်စဥ် တံခါးဆီမှ​ခေါက်သံတစ်ချက် ထွက်​ပေါ်လာသည်။ တံခါးဖွင့်လိုက်ရာ ဝမ်ယွီသည်အနက်​ရောင်ဝတ်စုံကို ကိုင်​ဆောင်လျက်အခန်းတွင်း ဝင်လာသည်အား​ ​​တွေ့လိုက်ရသည်။

"သခင်​လေး၊ ဒီညအတွက် ဒါ​တွေကသင့်​တော်လားဆိုတာ ကြည့်ပါဦး။"

လင်းယွမ်သည် အဝတ်အစားများကိုယူလိုက်ပြီး အနီးကပ်ကြည့်လိုက်သည်။ အ​ပေါ်အင်္ကျီသည် ချည်​လျှော်နှင့်ပိုးသားများဖြင့် ချုပ်လုပ်ထား​သော အနက်​ရောင်ကုတ်ရှည်တစ်ထည်ဖြစ်သည်၊ ​ကော်လာကျဥ်း​လေးနှင့် တချို့အ​နက်​ရောင်​ကျောက်မျက်များကိုလည်း အလှဆင်ထားသည်။ ကြည့်ရသည်မှာ ရိုးရှင်းပြီး အကြမ်းထည်ဆန်​သောခမ်းနားမှုတစ်မျိုးလည်း ရှိ​နေသည်။

ချည်​လျှော်နှင့် ပိုးသားများသည် အနက်​ရောင်များဖြစ်​သော်လည်း ပိုးသားသည်ပို၍ ​တောက်ပကာ ချည်​လျှော်မှာ​တော့ပိုမို နက်​မှောင်နေသည်။ အနက်​ရောင်နှစ်ခုသည် အံ့သြဖွယ်​​ကောင်းစွာ ဆန့်ကျင်ဖက်စတိုင်ကို ဖြစ်​ပေါ်​စေသည်။

ယင်းမှာ ကုတ်ရှည်၏စတိုင်အား သာမန်နှင့်ဆင်တူ​​စေသော်လည်း တမူထူး​စေလျက် ရှုပ်​ထွေးမလိုလိုနဲ့ ရိုးရှင်း​နေ​စေသည်။ ဝိ​ရောဓိဖြစ်​စေ​သောအလှတရားသည် ဤကုတ်အားထူးထူးခြားခြား ဖြစ်​နေ​စေ​တော့သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now