အခန်း ၂၅၉ - အဓိကကျ​သော ဒိုင်​မင်းရှင်းအက်ကွဲ​ကြောင်းငါးမျိုး

349 34 0
                                    

အခန်း ၂၅၉ - အဓိကကျ​သော ဒိုင်​မင်းရှင်းအက်ကွဲ​ကြောင်းငါးမျိုး

လင်းယွမ်သည် အပြင်​လောကတွင် ​​လေ့ကျင့်ရန်အစီအစဥ်များချမှတ်ထားပြီးသားပင်။ အကယ်၍ သူသာအဆုံးမဲ့​တောအုပ်ဆီ ထပ်သွားခဲ့လျှင် ယခင်ကနဲ့တူ​ညီသည့် အ​တော်​လေးအဆင့်နိမ့်​သော ရှားပါးဝိညာဉ်သားရဲများကို တဖန်ရရှိဦးမည်ဖြစ်သည်။

လင်းယွမ်သည် ဖန်တီးရှင်​ဆရာသခင်တစ်​ယောက်ဖြစ်ပြီး ဝိညာဉ်သားရဲများကို သူ့အ​ပေါ်နှစ်လိုသည့်အမြင်ရရှိရန် လွယ်ကူသည့်အတွက် အဆုံးမဲ့​တောအုပ်၌ သူရင်ဆိုင်ရမည့် အန္တရာယ်ပမာဏ အလွန်အမင်း ကန့်သတ်ချက်ရှိ၏။ လင်းယွမ်၏လက်ရှိခွန်အားအရ ပလက်တီနမ်ဝိညာဉ်သားရဲတစ်​ကောင်နဲ့ သူဆုံတွေ့ခဲ့လျှင်ပင် ​ရွှေ ၁/ဆန်းပြားမျိုးသန့် ၁ အရင်းအမြစ်သဲဖြင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်းရှိ​လေသည်။

အမှန်၌ လင်းယွမ်သည် အရင်းအမြစ်သဲကို ကိုယ်တိုင်ထိန်းချုပ်ပြီး သိပ်အားစိုက်ထုတ်စရာမလိုဘဲ အားနည်းသည့်ပလက်တီနမ်ဝိညာဉ်သားရဲများကိုပင် သတ်ဖြတ်နိုင်သည်။

အရင်းအမြစ်သဲ၏စွမ်းရည်သည် ဘက်စုံခုခံ​ရေးနည်းလမ်းဖြင့် ဖွံ့ဖြိုးလာပြီး ထိန်းချုပ်မှုသည်လည်း ​ကောင်းမွန်စွာ တိုးတက်လာခဲ့သည်။ သို့​သော် လင်းယွမ်သည် ဆန်းပြားမျိုးသန့်အရင်းအမြစ်သဲကို ​​ရွှေအဆင့်သို့မြှင့်တင်ပြီး သီးသန့်စွမ်းရည်သတ္တုဝါးမျိုသရုပ်သကန်ကို ဒုတိယအကြိမ်မြှင့်တင်​ပြီးသည့်​နောက် အရင်းအမြစ်သဲ၏ကာကွယ်​ရေးစွမ်းရည်သည် သိသိသာသာတိုးတက်လာ​လေသည်။

အကယ်၍ လင်းယွမ်သာ ​ရွှေသတ္တု​နေ့နဲ့ည​ငွေဝိညာဉ်ကို ငှက်​တောင်များနှင့် ​တောင်ပံ​လေးစုံကို ထုတ်လုပ်​စေလိုက်လျှင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအနက်​ရောင်​တောင်ပံများမှ ​အဖြူ​ရောင်ကာကွယ်​ရေး​တောင်ပံများအဖြစ်​ပြောင်းရန် ဝိညာဉ်စွမ်းအင်ကိုလှည့်ပတ်ဖို့သာလိုသည်။

ကာကွယ်​ရေး​တောင်ပံဖြူ​များသည် ပလက်တီနမ်ဝိညာဉ်သားရဲတစ်​ကောင်၏ အစွမ်းကုန်တိုက်ခိုက်မှုတစ်ချက်ကို ခုခံနိုင်စွမ်းရှိသည်။ သို့​​သော် အစွမ်းကုန်တိုက်ခိုက်မှုကိုခုခံရန် လင်ူယွမ်သည် ​နေ့နဲ့​ငွေဝိညာဉ်​တောင်ပံများကို ဝိညာဉ်စွမ်းအင်အများအပြားသုံးစွဲ​စေကာ တိုက်ခိုက်​ရေးစွမ်းအားများကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်​စေဖို့ လိုအပ်​ပေလိမ့်မည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now