အခန်း ၂၂၀ - သဲအမျက်၊ တဟုန်ထိုးသဲ၊ သဲထိန်းချုပ်မှု

332 40 0
                                    

အခန်း ၂၂၀ - သဲအမျက်၊ တဟုန်ထိုးသဲ၊ သဲထိန်းချုပ်မှု

ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်ထဲသို့ ဝင်ပြီး​နောက် ယခင်ကနဲ့ကွဲပြား​နေသည်ကို လင်းယွမ်သတိထားမိသွားသည်။ ယခင်သိပ်မကြာခင်က သူဝယ်ယူထားခဲ့ကာ ဝိညာဉ်​ရေကန်​ဘေး၌ စုပုံထား​သော စွမ်းအင်သတ္တုရိုင်းများမှာ ကုန်ဆုံးသွားပြီဖြသည်။

ထိုအခိုက် ​ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်ထဲ၌ အမြဲတ​စေရှိ​နေသော ​​ရွှေ​လေအသွင်​လျင်မြန်​တောဆိတ်သည် အဆင့်နိမ့်စွမ်းအင်သတ္တုရိုင်း​တွေကို တစ်စုပြီးတစ်စု​ရေကန်ထဲတွန်းချ​နေခဲ့သည်။ သူသည် ဤရှာ​ဖွေ​တွေ့ရှိမှု​ကြောင့် အနည်းငယ်အံ့အားသင့်သွားရသည်။

လင်းယွမ်သည် ​​လေအသွင်လျင်မြန်​တောဆိတ်ကို အမြဲတမ်း ကြယ်ကွန်ယက်တွင်တင်ထားခဲ့သည်။ လူအ​များအပြားက ​စျေးနှုန်းကို​မေးလာကြ​ပေမယ့် သူတစ်ခါမှမ​ရောင်းခဲ့​​ပေ။ အ​ကြောင်းမှာ ထိုအချိန်က သူသည်ဝိညာဉ်သားရဲများကိုဆင့်ရဲ​ပြောင်းလဲ​နေခြင်းဖြင့် အလုပ်ရှုပ်​နေခဲ့ပြီး ​ငွေလည်းအမှန်တကယ် မပြတ်လပ်​နေ​သော​ကြောင့်ပင်။

​ရွှေ/လက်​ရွေးစင်​လေအသွင်လျင်မြန်​တောဆိတ်သည် ကြယ်ကွန်ယက်ရှိ အရှုံးမရှိစွာဝယ်ယူပါစတိုး၏ အ​ရောင်းစာရင်းတွင် ရှိ​နေ​သောငြား ၎င်းကိုဝယ်ယူမည့်​တောင်းဆိုချက်များကို​တော့ တစ်ခါမှစဥ်းစားမကြည့်ဖူး​ပေ။

​လေအသွင်လျင်မြန်​တောဆိတ်သည် ​ရွှေ/လက်​ရွေးစင်ဖြစ်​သော်လည်း ​ငွေဓါးဦးချိုလျင်မြန်​တောဆိတ်အများကြီးထဲမှအနည်းငယ်ကသာ ထိုသို့စိတ်ဝိညာဉ်ဆိုင်ရာဆင့်ကဲ​ပြောင်းလဲနိုင်ကြသည်။ ထို့​ကြောင့် ​လေအသွင်​လျင်မြန်​တောဆိတ်သည် အဆင့်နိမ့်​နေလင့်ကစား ဝယ်လိုအားမှာ​တော့ မြင့်မား​နေဆဲပင်​။

​ရွှေဝိညာဉ်သားရဲတစ်​ကောင်အနေဖြင့် ​လေအသွင်လျင်မြန်​တောဆိတ်သည် ဝိညာဉ်ချုပ်ခန်းအတွင်း​ရှိဝိညာဉ်ချီများ တစ်​နေရာတည်းတွင် စု​​နေလျက် ​လျော့နည်းသွားသည်ကို အာရုံခံနိုင်​ပေသည်။

သိပ်သည်း​​နှုန်းမြင့်သောဝိညာဉ်ချီကို ဗီဇအရသ​ဘောကျသည့် ဝိညာဉ်သားရဲတစ်​ကောင်အ​နေ​ဖြင့်အဆင့်နိမ့်စွမ်းအင်သတ္တုရိုင်းများကို ဝိညာဉ်​ရေကန်အတွင်းသို့ ​တွန်းချ​နေ​တော့သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now