အခန်း ၂၁၆ - လဲလှယ်ဖို့မလုံ​လောက်ဘူး

322 42 0
                                    

အခန်း ၂၁၆ - လဲလှယ်ဖို့မလုံ​လောက်ဘူး

လျှပ်စီးစာက​လေးဘုရင်သည် လင်းယွမ်၏စကားကို ကြား​သောအခါ မျက်ဆန်များကျုံ့လာရပြီး တဒင်္ဂမျှ ကြက်​သေ​သေသွားခဲ့သည်။ "မင်းတကယ်​ပြော​နေတာလား။"

လင်းယွမ်သည် ​နေ​ရောင်ခြည်ကဲ့သို့​သော အပြုံးတစ်ပွင့်ဆင့်မြန်းလျက် တည်ငြိမ်စွာ ​ပြောလိုက်သည်။ "ဂျူနီယာ​လေးက အရင်းအမြစ်အမျိုးအစားသက်ရှိကို ​လေလံဆွဲဖို့လာတာပါ၊ ဒါ့​ကြောင့် ကျွန်​​တော်စီနီယာကို လှည့်ဖျားမှာမဟုတိပါဘူး။ တကယ်လို့ ကျွန်​တော်ကဖြီးဖြန်း​ပြော​နေရင်​​တော့ စီနီယာက ကျွန်​​တော့်ကို အရင်းအမြစ်အမျိုးအစားသက်ရှိကို ယူ​သွား​စေမှာမှ မဟုတ်တာ။"

​ကျောက်​ရှောင်ချွင်သည် ဖန်​သော​သော၏​ပေါင်တစ်ဖက်ကို စိတ်လှုပ်ရှားသဖြင့် အားကြီးနဲ့ရိုက်ချလိုက်သည်။ ထို့​နောက်သူမကဆိုသည်။ "​သောက်ကျိုးနည်း! ဒီလူ​ချော​လေးက ခံ့ညားလွန်းလိုက်တာ။ ဖန်​သောသော​ရေ၊ ငါဒီလူ​ချော​လေးကို ​တွေ့ပြီး​​တော့ ဗိုက်နည်းနည်းဆာလာသလိုခံစားလာရတယ်၊ ဝက်​​ခြေ​ထောက်ကင်ကို တို့ဖူးသနပ်နဲ့​တောင် စားချင်​လာပြီ။"

​ကျောက်​ရှောင်ချွင်သည် ဖန်​သော​သော၏​ပေါင်ကို ရိုက်လိုက်သည့်အချိန် သူမသည်တစ်ခုခုမှား​နေသလို ခံစားလိုက်ရသည်။ ဖန်​သော​သောသည် ပုဇွန်တုပ်ကြီးလို ​​ကွေးသွားကာ နီရဲ​​နေ​သောမျက်နှာဖြင့် ​ပြောသည်။ "​ကျောက်​ရှောင်ချွင် မင်းက ကြမ်းတမ်းလိုက်တာ​ရော။ မင်းအဲ့​လောက်အရူးအမူးဖြစ်ရင်လည်း ကိုယ့်​ပေါင်ကိုပြန်​ရိုက်​ပေါ့! ဘာလို့ငါတို့ဖန်မိသားစုရဲ့ အနာဂတ်မျိုးဆက်ရမယ့်အ​ရေးကို ရပ်တန့်ချင်​နေရတာလဲ!?"

​ကျောက်​ရှောင်ချွင်သည် ဖန်​သော​သောအား ​တောင်းပန်​သောမျက်ဝန်းများဖြင့် ကြည့်လျက် ကို့ရိုးကားယားဆိုသည်။ "​မြောင်"

ဖန်​သော​သောသည် မျက်လုံးလှန်လိုက်ကာ မျက်ရည်ဝဲလျက်ပြန်​ပြောသည်။ "ဝုတ်"

Dreadlock ဆံပင်​ကေနှင့် လူငယ်​​လေး၏မျက်နှာသည် မဲ​မှောင်လာကာ ​ပြောသည်။ "အ​ပြောချည်းသက်သက်နဲ့ သက်​သေမှမရှိဘဲ။ မင်းရဲ့စကား​​တွေတွက် သက်​သေတချို့​တော့ပြဖို့လိုတယ်။ အခုလူတွေအများကြီးရှိ​နေမှာ​တော့ ဒီသူငယ်ချင်းက ဟာသလုပ်ပြီး ရည်ရွယ်ချက်ရှိရှိပြဿနာရှာမယ်လို့​​တော့ ငါမထင်ဘူး​နော်၊ ဟုတ်တယ်မလား။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now