အခန်း ၃၀၉ - သလင်း​ကျောက်ဥပ​ဒေသ

275 37 0
                                    

အခန်း ၃၀၉ - သလင်း​ကျောက်ဥပ​ဒေသ

လင်းယွမ်သည် ချက်ချင်းပင် သံထည်တို့ ကွဲ​ကြေသွား​သည်နှင့် ဆင်​သော အသံတစ်ခုကို ကြားလိုက်ရသည်။

ထို့​နောက် ခဏချင်း၌ မိခင်​သွေးချိုးကန်သည် နယ်​မြေရှင်/ဒဏ္ဍာရီ ၂ ညကပ်​ဘေးကျီးကန်းထဲမှ လက်သည်းခွံအရွယ် သလင်း​​ကျောက်နက်တစ်တုံးကို ဆွဲထုတ်လိုက်သည်အား လင်းယွမ်​တွေ့လိုက်​လေသည်။

သလင်း​ကျောက်နက်​ဘေးတစ်ဝိုက်တွင် စီးဆင်း​နေ​သော ​မှုန်ဝါး​နေသည့် ညမြူခိုးတစ်လွှာရှိ​နေပုံ​ပေါ်ပြီး တစ်ခုခုကို အဆက်မပြတ်တစ်ဆစ်ဆစ်တိုက်စား​နေသည့်အလားပင်။ ကြည့်ရသည်မှာ ညမြူခိုးသည် မည်သည်အရာကိုမဆို တိုက်စားနိုင်သည်နှင့်တူ​လေသည်။

အဆုံးမဲ့​နွေဦးသည် လက်သည်းခွံအရွယ် သလင်း​ကျောက်နက်ကိုကြည့်ကာ ​​ပြောသည်။ "ဒါက ​သေဆုံးခြင်းည​​မှော်အက္ခရာဥပ​​ဒေသပဲ၊ ညိုးနွမ်း​စေတဲ့ စွမ်းအားတစ်မျိုးရှိတယ်။ ​ဒီသလင်း​ကျောက်ဥပ​ဒေသက အင်မတန်ပြည့်စုံလွန်းပြီး ထိခိုက်မှုတစ်ခုမှ မခံထားရဘူး။"

လင်းယွမ် '​မှော်အက္ခရာဥပ​ဒေ'ဟူ​သော စကားလုံးကိုကြား​သော် မျက်လုံးများချက်ချင်း ပြူးကျယ်လာသည်။ ထို့​နောက် မိခင်​သွေးချိုးကန်၏လက်ထဲရှိ သလင်း​​ကျောက်နက်ကို ဂရုတစိုက်ကြည့်လိုက်သည်။

လင်းယွမ်သည် လဧကရီထံမှ သလင်း​ကျောက်ဥပ​ဒေသအ​ကြောင်း ကြားဖူး​လေသည်။ ဒဏ္ဍာရီမျိုးသန့်ဝိညာဉ်သားရဲများသာ သလင်း​ကျောက်ဥပ​ဒေသများကို ထုတ်လုပ်နိုင်သည်ဖြစ်ရာ ထိုအ​ကြောင်းကို အ​သေးစိတ်ကျကျ​မေးမြန်းခဲ့ခြင်းမရှိ​ပေ။ ထိုအရာတစ်ခုကို မြင်​တွေ့ရမည့်အခွင့်အ​ရေးရှိမည်ဟု သူစိတ်ပင်မကူးကြည့်ဖူး​​ပေ။

မိခင်​သွေးချိုးကန်သည် လင်းယွမ်၏စူးစမ်း​သောမျက်လုံးများကို သတိထားမိသည်ဖြစ်ရာ သူ့ထံသို့ သလင်း​ကျောက်နက်ကို ကမ်း​​ပေးလိုက်​လေသည်။ "​သေချာသိမ်းထား။ ဒါကရှားပါးရတနာတစ်ခုပဲ။"

တဆက်တည်းပင် မိခင်​သွေးချိုးကန်သည် လည်​ချောင်းရှင်းလိုက်ပြီး ရှင်းပြလာသည်။ "ဒဏ္ဍာရီမျိုးသန့်ဝိညာဉ်သားရဲတစ်​ကောင် ​ကြွေလွင့်တဲ့အခါ သူနားလည်ထားတဲ့ ​မှော်အက္ခရာဥပ​ဒေသက မ​ပျောက်သွားဘူး။ ​သလင်း​​​ကျောက်ဥပ​ဒေသအဖြစ် ဖွဲ့စည်းသွားလိမ့်မယ်။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now