အခန်း ၂၁၅ - ထုံးတမ်းနှင့် မ​​လျော်ညီ​သော ​လေလံဆွဲမှု

324 45 0
                                    

အခန်း ၂၁၅ - ထုံးတမ်းနှင့် မ​​လျော်ညီ​သော ​လေလံဆွဲမှု

လျို့ကျယ်၏အကြီးဆုံးပြဿနာမှာ ပိုက်ဆံပင်၊ အ​ကြောင်းမှာ သူ၏အင်းဆက်ဘုရင်မ ဒဏ်ရာမစခင်က သူ့​ငွေများအားလုံးကို ပိုင်​ဟောင်အား ​ချေးလိုက်​သော​ကြောင့်ပင်။

သိပ်မကြာခင်က ပိုင်​ဟောင်သည် သူ့အားပြန်​ပေးလာ​သော်လည်း ထွန်း​တောက်​ဒေါ်လာ ၁၀,၀၀၀,၀၀၀ ​ကျော်သည် ဟာရီကိန်းဇီးကွက်ပိုးဖလံကို ဝယ်ယူရန် ကျိန်း​သေ​ပေါက် မလုံ​လောက်ပါ​ပေ။

လျို့ကျယ်သည် မည်သည့်စကားကိုမှမဆို​သော်လည်း သူ၏မျက်ဝန်းများမှတဆင့် ထိုအရင်းအမြစ်အမျိုးအစားသက်ရှိအတွက် အလိုဆန္ဒများကို လင်းယွမ်မြင်​နေရသည်။ လင်းယွမ်သည် အကူအညီမဲ့စွာ နှလုံးသားထဲ၌ ​​လှောင်ရယ်မိသည်၊ ငါဒီသီးသန့်​လေလံပွဲကို အလာကားလာခဲ့တာမဟုတ်ဘူးပဲ။

အဲဒီအရင်းအမြစ်အမျိုးအစားသုံးခုလုံးကို ငါလိုအပ်တယ် - တစ်ခုကငါ့အတွက်၊ တစ်ခုကလျို့ကျယ်အတွက်၊ တစ်ခုမိခင်​သွေးချိုးကန်အတွက်​ပေါ့။

လျှပ်စီးစာက​လေးဘုရင်သည် မရပ်တန့်ဘဲ တတ်ယ​မြောက်အရင်းအမြစ်အမျိုးအစားပစ္စည်းကို ဆက်လက်မိတ်ဆက်သည်။ သူမ၏လက်ထဲ၌ ​သွေးနီ​ရောင်ဥသဏ္ဍာန်ပစ္စည်းကိုကိုင်​ဆောင်ကာ ဆိုသည်။ "ဒီအရင်းအမြစ်အမျိုးအစားသက်ရှိ​ပေါ်လာတာက ပထမဆုံးအကြိမ်ဖြစ်​လောက်တယ်၊ ဒါ​ကြောင့်သူ့ရဲ့စွမ်းရည်ကို တိတိကျကျမသိပါဘူး။ ဒါ​ပေမယ့် စာချုပ်အ​ခြေအ​နေ​တွေက အရမ်း လွယ်ကူတယ်။ စာချုပ်ချုပ်ဖို့ ဝိညာဉ်စွမ်းအင်ပမာဏအ​မြောက်အမြား သုံးလိုက်ရုံပဲ။ စာချုပ်​​အောင်မြင်ပြီးရင် အထဲက​သက်ရှိက ဥအတွင်းမှာရှိတဲ့ သွေး​တွေအားလုံးကိုစုပ်ယူပြီး ဥခွံကို​ဖောက်ထွက်လာတာကို ​စောင့်ရမယ်။ အဲဒါ​တွေပြီးတဲ့​နောက်မှ အ​ကောင်ကထွက်လာလိမ့်မယ်။ တကယ်လို့အ​ကောင်​ပေါက်တဲ့အရှိန်ကိုမြှင့်ချင်ရင်​တော့ ကိုယ့်ရဲ့​သွေးကို ပမာဏခပ်များများ​လေး​တိုက်ဖို့လိုတယ်။

ဤ​သွေး​နီ​​ရောင်ဥကို စိတ်ဝင်စား​​​သော ​လေလံဆွဲသူတစ်​ယောက်သည် မတ်တပ်ရပ်ကာဆိုသည်။ "အရှင်လျှပ်စီးစာက​လေးဘုရင်၊ ဥထဲကအရင်းအမြစ်အမျိုးအစားသက်ရှိက အ​ကောင်​ပေါက်ဖို့ အချိန်ဘယ်​လောက်ကြာမှာပါလဲ။ ဝိညာဉ်စွမ်းအားက​ကော ဘယ်​လောက်များများ သုံးဖို့လိုလဲ။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now