အခန်း ၃၁၂ - ဆူးနီရဲ့လမ်း​ကြောင်းသုံးခု

285 37 0
                                    

အခန်း ၃၁၂ - ဆူးနီရဲ့လမ်း​ကြောင်းသုံးခု

အကယ်၍ သူသည်ဆူးနီ၏ဆင့်ကဲ​ပြောင်းလဲမှုလမ်း​ကြောင်းကို မိခင်အပင်ဆင့်ကဲဖြစ်စဥ်ဘက်သို့ အရဲစွန့်၍​ပြောင်းလိုက်မည်ဆိုပါက ဆူးနီ၏ဆင့်ကဲ​ပြောင်းလဲခြင်းအလားအလာကို ဖြုန်းတီးရာကျသွား​ပေလိမ့်မည်။ သဘာဝကျကျပင် သူထိုသို့လုပ်မည်မဟုတ်​ပေ။

ဆူးနီ​ပေးပို့လာ​သော ဒုတိယဆင့်ကဲ​ပြောင်းလဲမှုလမ်း​ကြောင်းမှာ ၎င်း၏မိခင်အပင်နှင့်ပုံတူငယ်​လေးများကို တဆင့်ခံ-ဆင့်ကဲ​ပြောင်း​လဲ​သောအ​ခြေအ​နေတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

မိခင်ပင်၏တိုက်ခိုက်​ရေးစွမ်းအင်ကို တိုးမြှင့်လျက် ပန်းပင်လယ်၏တိုက်ပွဲဝင်စွမ်းရည်ကိုလည်း တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထိုဆင့်ကဲ​ပြောင်းလဲမှုလမ်း​ကြောင်းသည် လင်းယွမ် ဟိုးအရင်ကတည်းက ဆူးနီကို​ရွေးချယ်​စေခဲ့​သော လမ်း​ကြောင်းပင်ဖြစ်သည်။

ထိုနည်းလမ်းမှာ ဆူးနီရဲ့မိခင်ပင်တွင် တိုက်ပွဲဝင်စွမ်းရည် တစ်စိတ်တစ်ပိုင်းကို ထိန်းသိမ်းထားကာ ​အပင်တူပွားထား​သော ပန်းပင်လယ်၏စွမ်းရည်ကို တိုးမြှင့်ခြင်းဖြစ်​လေသည်။

သို့​သော် ဆူးနီ၏တတိယ​​မြောက်​တောင်းဆိုမှုကို မြင်လိုက်သည့်အချိန် လင်းယွမ် တုန့်ဆိုင်းမိသွားသည်။ ယင်းမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းယွမ်​တွေး​နေရ​သော အရာပင်ဖြစ်သည်။

တတိယဆင့်​ကဲ​ပြောင်းလဲမှု​တောင်းဆိုချက်မှာ ဆူးနီသည် မိခင်ပင်၏တိုက်ပွဲ​ဝင်စွမ်းရည်ကို လက်​လျှော့ရမည်ဖြစ်သည်။ ထိုအစား အပင်ပွား​လေးများဖြစ်​သော ပုံတူငယ်များနှင့် ပုံတူများ၏တိုက်ပွဲဝင်စွမ်းအင်များ တိုးတက်လာမည်ပင်။ ထိုနည်းလမ်းသည် ဖြန့်ကျက်ထား​သော ပန်းပင်လယ်ကြီး၏ခွန်အားနှင့်အရှိန်အဟုန်ကို ကြီးကြီးမားမား တိုးမြင့်​စေ​လေသည်။

အကယ်၍ ဆူးနီသည် ဆန်းပြားမျိုးသန့်ဖြစ်လာစဥ် တတိယ​ဆင့်ကဲ​ပြောင်းလဲမှုလမ်း​ကြောင်းကို ​ရွေးချယ်ခဲ့ပါက မိခင်ပင်၏တိုက်ပွဲဝင်စွမ်းရည်သည် အင်မတန်အားနည်းသွား​​ပေမည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now