အခန်း ၃၁၅ - ဖိနပ်လျက်သမားရဲ့ အရာအားလုံး

273 39 0
                                    

အခန်း ၃၁၅ - ဖိနပ်လျက်သမားရဲ့ အရာအားလုံး

ဆူးနီသည် ငွေ/ဆန်းပြားဝိညာဉ်သားရဲအဖြစ် ဆင့်ကဲပြောင်းလဲလာသောအခါ လျစ်လျူရှုထား၍မရသော ချို့ယွင်းချက်တစ်ခုကို အမှန်တကယ် ဖြေရှင်းနိုင်လိမ့်မည်ဟု လင်းယွမ် မမျှော်လင့်ထားပေ။ ပန်းပင်လယ်ကို မည်သို့ချဲ့ရမည်နည်းဟူ​သော ပြဿနာပင်ဖြစ်သည်။

လက်ရှိတွင်၊ ဤရိုးရှင်းသောပုံစံဖြင့် စပိုးလမ်း​ကြောင်းပုံတူ​များကို အခြေခံစိုက်စခန်းများအဖြစ် သတ်မှတ်ထားနိုင်သည်။ ၎င်းတို့သည် အကွာအဝေးတစ်ခုအတွင်း၌ စပိုးများကိုထောက်ပံ့ရန် တာဝန်ရှိသည်။

ဆူးနီ၏စပိုးများသည် အလွန်​ပေါ့ပါးလှကာ ပျံ့နှံ့ဖို့ရန် သင့်တော်​သော်ငြား အ​ခြေခံအားဖြင့် ကွာ​ဝေး​လွန်း​သော​နေရာများဆီ ပျံ့နှံ့​စေရန်​တော့ အင်မတန်ခက်ခဲပါ၏။ ယခုတွင် ဆူးနီသည် ရိုးရှင်း​သောပုံစံစပိုး​လမ်း​ကြောင်းပုံတူများဖြင့် ပန်းပင်လယ်ကို တိုးချဲ့နိုင်​တော့မည်ဖြစ်သည်။ ဆူးနီ၌ အ​သွေးအသားစွမ်းအင်လုံ​လောက်စွာ ရှိ​နေသ​ရွေ့ ပန်းပင်လယ်ကို ​သေချာ​ပေါက် တိုးချဲ့နိုင်​ပေမည်။

ထို့အပြင် ပန်းပင်လယ်၏အချင်းဝက် ပို၍ကြီးမား​လေ​လေ၊ ဆူးနီအတွက် အ​သွေးအသားစွမ်းအင်များ ပိုမိုရရှိနိုင်​လေ​လေဖြစ်ကာ အသင့်​တော်ဆုံး​သောစက်ဝန်းတစ်ခုကို ဖန်တီး​ပေး​နိုင်သည်။

ယင်းမှာ အဆင့်နိမ့်ဒိုင်မင်းရှင်းသက်ရှိများအတွက် ​တကယ်ပင် အိပ်မက်ဆိုးဖြစ်​လေသည်။ အဆင့်နိမ့်ဒိုင်မင်းရှင်းသက်ရှိအားလုံးသည် ဆူးနီအတွက် အာဟာရများဖြစ်လာကာ ပန်းပင်လယ်ကို တိုးချဲ့ရန် တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်​ပေး​နေသည်ဟု မှတ်ယူနိုင်သည်။

ဆူးနီသည် အဆင့်နိမ့်သက်ရှိသတ်ဖြတ်သူဟူ​သော ဂုဏ်ပုဒ်နှင့် လုံးဝထိုက်တန်သည်ဟု လင်းယွမ်ခံစားရသည်။

ထိုအခိုက် စွန့်လွှတ်ခြင်းမျက်လုံးတစ်ဖက်သည် ရုတ်ခြည်းဖွင့်လာ၏။ ဆူးနီသည် နွယ်လမ်း​ကြောင်းကိုသုံးကာ စွန့်လွှတ်ခြင်းမျက်လုံးအား ရိုးရှင်း​သောပုံစံစပိုးလမ်း​ကြောင်းဆီ ကူး​ပြောင်းလိုက်ခြင်းပင်။ လင်းယွမ် အာရုံစိုက်​နေသည်ကို ဆူးနီသတိထားမိ​သောအခါ ရုတ်တရက် တွန်းအား​ပေးလွှဲ​ပြောင်းလာ​သော စွန့်လွှတ်ခြင်းမျက်လုံးကို ပြန်လည်ရုတ်သိမ်းလိုက်​လေသည်။ ထို့​နောက် ထိုအချက်ကို လင်းယွမ်ထံ သက်​သေပြရန် ရှူးရှူးရှားရှား မြည်လာ​တော့သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now