အခန်း ၂၃၆ - ဒဏ္ဍာရီ ၂ နှင့် မ​မျှော်လင့်ထား​သော​ပျော်ရွှင်မှု

349 38 0
                                    

အခန်း ၂၃၆ - ဒဏ္ဍာရီ ၂ နှင့် မ​မျှော်လင့်ထား​သော​ပျော်ရွှင်မှု

​ကောင်းကင်အမိုးခုံးကိုပင် ​​ပေါက်ကွဲ​စေနိုင်သည်ဟု ထင်ရ​သော မိုးကြိုးများသည် လျှပ်စီးများနှင့်အတူ မိခင်​သွေးချိုးကန်ဆီသို့ ထပ်ခါထပ်ခါဆင်းသက်​နေကာ ခန္ဓါကိုယ်အား ​သွေး​ရောင်လွှမ်း​သောမြူခိုးအဖြစ် ကွဲထွက်သွား​စေသည်။

မိုးကြိုးအား​ကြောင့် ​အနီ​တောက်​တောက်ဖြင့် ခမ်းနားကာ​သွေး​ရောင်လွှမ်း​သောမြူခိုးသည် ဖြည်းဖြည်းချင်း အားနည်းလာသည်။

လင်းယွမ်သည် မိခင်​သွေးချိုးကန်၏အသံကို ရုတ်ခြည်းကြားလိုက်သည်။ "လင်းယွမ်၊ ငါထပ်မထိန်းထားနိုင်​တော့ဘူး။ ​စွမ်းအင်ကုန်သုံးပြီး ​ပြေး​တော့။"

သူသည် နှုတ်ခမ်းများကိုတွန့်လိုက်ပြီး စကားတစ်ခွန်းမှမဟ​ပေ။ ထိုအခိုက်​အတန့်​လေး၌ လ​ပေါင်းများစွာ စု​ဆောင်းထား​​သော ဝိညာဉ်ချီအမှတ်အသားကို ဖွင့်ထုတ်လိုက်သည်။ ဝိညာဉ်ချီအမှတ်အသားမှ ဝိညာဉ်စွမ်းအင်များသည် ထိုစဥ်ကနဲ့ ကွာခြားချက်ကြီးကြီးမားမားရှိသည်။

​နဂါး​သွေးလိုင်းကိုနိုးထလာ​သော ကြေး/​မော်ကွန်းတင်ဝိညာဉ်စု​ဆောင်း​ရွှေငါးသည် ​နေ့​ရောညပါဝိညာဉ်ချီများကို အဆက်မပြတ်စု​ဆောင်း​နေပြီး ကြီးမား​သောဝိညာဉ်ချီစီး​ကြောင်းတစ်ခုဖြစ်လာသည်။ ဝိညာဉ်ချီစီး​ကြောင်း လင်းယွမ်၏ခန္ဓါကိုယ်ထဲသို့ ဝင်လာ​သောအခါ အဖြူ​ရောင်ဝတ်ရုံသည် တဖျတ်ဖျတ်လှုပ်ခတ်သွားသည်။

လင်းယွမ်သည် မိခင်​​သွေးချိုးကန်၏အဆက်မပြတ် အားနည်း​လာ​သော ​သွေးနီ​ရောင်မြူခိုးကိုကြည့်ကာ ​အော်ဟစ်လိုက်သည်။ "သန့်စင်​သော​ကောင်းချီး​မြေ!"

၁၀ စတုရန်းမီတာရှိ​သော သဲဖြူများသည် မိခင်​သွေးချိုးကန်၏​အောက်ဘက်ရှိ သဲဝါမှရုတ်ခြည်းထွက်​ပေါ်လာကာ သစ်လွင်​သောဘဝနှင့် သန့်စင်မှုတို့၏ရနံ့ဖြင့်ပြည့်နှက်​နေသည်။

ရွှန်းစို​သောအလင်း​ရောင်သည် သန့်စင်​သော​ကောင်းချီး​မြေ၏အဖြူ​ရောင်သဲမှုန်များထံမှ ထွက်​ပေါ်လာကာ  မိုးကြိုးလျှပ်စီး​ကြောင့် မိခင်​သွေးချိုးကန်၏အဆက်မပြတ်အားနည်းလာ​သော ​သွေးနီ​ရောင်​မြူခိုးနှင့် ​ဖြေး​ဆေးစွာ သွား​ရောက်​ပေါင်းစပ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now