အခန်း ၂၉၂ - အရိုးညိုမီး​တောက်

313 34 0
                                    

အခန်း ၂၉၂ - အရိုးညိုမီး​တောက်

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လင်းယွမ်သည် ရှားပါးသက်ရှိပွဲကြည့်စင်ရှိ လေလံတင်ရောင်းချခြင်းမပြုသော ပစ္စည်းအားလုံးနီးပါးကို ​စေ့​စေ့စပ်စပ်စစ်​ဆေးခဲ့ပြီး အဆင့်နိမ့်​သည့် ထူးဆန်းသောမီးတောက်နှစ်ခုကိုသာ ဝယ်ယူနိုင်ခဲ့သည်။

အသူတရာချောက်အက်ကွဲ​ကြောင်းများ၏ အဆင့်သတ်မှတ်ချက်အရ ထူးဆန်းသောမီးတောက်များကို အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်တို့အဖြစ် အဆင့်သတ်မှတ်နိုင်သည်။ အဆင့် ၄ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်များမှ ထွက်လာသော ထူးဆန်းသော မီးတောက်များကို​တော့  လွန်ကဲအဆင့်အဖြစ် သတ်မှတ်မည်ဖြစ်သည်။

လွန်ကဲအဆင့် မီးတောက်များနှင့်ပတ်သက်၍ လင်းယွမ်သည် စျေးကွက်တွင် မည်သည့်အခါမျှ ပေါ်လာသည်ဟု မကြားဖူးပေ။ နောက်ဆုံးတွင်​တော့ အဆင့် ၄ အသူတရာ​ချောက်အက်ကွဲ​ကြောင်းများ၌၊ အဆင့် ၆ မိစ္ဆာများရှိ​လေသည်။

အဆင့် ၄ အသူတရာ​ချောက်အက်ကွဲ​​ကြောင်းများမှ ထွက်လာ​​​သော လွန်ကဲအဆင့်မီးတောက်များကိုမူ ဧကရာဇ်အဆင့်ကျွမ်းကျင်သူများသာ ရရှိရန် အရည်အချင်းပြည့်မီသည်။

ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာရန်၊ ဝိညာဉ်ချီပညာရှင်သည် ​အေ-အဆင့်ရှိရမည်ဖြစ်ပြီး ဆန်းပြားမျိုးသန့်ဝိညာဉ်သားရဲကို ပိုင်ဆိုင်ဖို့ လိုအပ်ပါသည်။ ထို့ကြောင့်၊ ဧကရာဇ်အဆင့်ကျွမ်းကျင်သူဖြစ်လာဖို့ရန်၊ အက်စ်-အဆင့်ဖြစ်ရမည်ဖြစ်ကာ ဒဏ္ဍာရီမျိုးသန့်ကို ပိုင်ဆိုင်ထားရမည်ပင်။

လင်းယွမ်ရရှိခဲ့သော သက်ရှိယဇ်ပူ​ဇော်မီး​သည် အဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းတစ်ခုမှ ရရှိခဲ့သော်လည်း သက်ရောက်မှုများမှာ​​တော့ ပြင်းထန်လှသည်။ အပင်မျိုးစိတ်များအတွက် ဒုတိယအသက်ကို ပေးစွမ်းနိုင်​​လေသည်။

ထိုအာနိသင်သည် သက်ရှိယဇ်ပူ​ဇော်မီးကို ထူးဆန်းသောမီးတောက်များ၏ စံသတ်မှတ်ချက်များမှ ခုန်ထွက်နိုင်စေခဲ့ပြီး  မီး​ဒြပ်စင်ဝိညာဥ်ပါဝင်ပစ္စည်းများအနက် အဆင့် ၇ သို့ပင် ရောက်ရှိစေခဲ့သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now