အခန်း ၂၈၃ - ကြည်လင်​သော အသိစိတ်နဲ့ ​ကျောက်​ရှောင်ချွင်

296 35 0
                                    

အခန်း ၂၈၃ - ကြည်လင်​သော အသိစိတ်နဲ့ ​ကျောက်​ရှောင်ချွင်

ရှီရွှီ​ခေါင်းလှည့်လာသည့်အခါမှာ​တော့ ​ကျောက်​ရှောင်ချွင်သည် ​နေရာတွင်ရပ်ကာ ဟင်းနုနွယ်ကင်များကို ပါးစပ်ထဲထိုးထည့်​နေသည်ကို ​တွေ့လိုက်ရပြီး သူမကိုစိုက်ကြည့်လိုက်​တော့သည်။

​ကျောက်​ရှောင်ချွင်သည် ​ငွေမျက်နှာဖုံးဝတ်လူငယ်​လေး ​မြှောက်တင်ခံ​နေရသည်ကို ကြည့်ရင်း ရုတ်တရက် သူမ၏မျက်နှာသည် ပန်း​ဖျော့​ရောင်​လေးသန်းလာ​လေသည်။ သူမ ဖန်​​​သော​သောကို ​ပြောလာသည်။ "ဖန်​သော​​သော အနက်ရဲ့ဖုန်းနံပါတ်ကို သွား​တောင်းလာခဲ့​ပေး။ သူ့ရဲ့အ​ကြောင်းစုံကို သုံးမိနစ်အတွင်း ငါသိချင်တယ်။"

ဖန်​သော​သောသည် ​ကျောက်​ရှောင်ချွင်​ကို ဆွံအ အံ့အားသင့်​နေ​သော မျက်လုံးများဖြင့်ကြည့်ကာ ​မေးလိုက်သည်။ "လင်းယွမ်နဲ့လျို့ကျယ်ကို ထမင်းတစ်နပ်ဖိတ်​ကျွေးမယ်လို့ မင်းတစ်ချိန်လုံး​ပြော​နေခဲ့တာမလား။"

​ကျောက်​ရှောင်ချွင်သည် ဖန်​သော​သောအား အရူးတစ်​ယောက်ကိုကြည့်​နေသကဲ့သို့ ကြည့်လာ​လေသည်။ "အကိုကြီးရယ် အနက်ရဲ့ဆက်သွယ်ရမယ့်အချက်အလက်နဲ့ လင်းယွမ်ကို ထမင်းဖိတ်​ကျွေးမယ်မယ့်ကိစ္စနဲ့ ဘာဆိုင်​နေလို့လဲ။ သူတို့နှစ်​ယောက်လုံးက ​ချောတယ်။ နှစ်​ယောက်လုံးကို ငါသိကျွမ်းလို့မရဘူးလား။"

ရုတ်တရက် သူမ ​ခေါင်းလိုက်ရာ ရှီရွှီ စိုက်ကြည့်​နေသည်အား ​တွေ့သွားသည်။

​ကျောက်​ရှောင်ချွင်ပြုံးလိုက်ကာ တခစ်ခစ်ရယ်လျက် ဆိုသည်။ "နင်​ကောင်း​ကောင်း ကြည့်လို့မရဘူး​ဆိုရင်လည်း မျက်လုံး​တွေကို ​ဖောက်ထုတ်လိုက်တော့​လေ။"

ထို့​နောက် သူမ​ဘေးရှိ ဖန်​သော​သောကိုပုတ်လိုက်​လေသည်။ သူသည် အကူအညီမဲ့​သွားရ​သော်လည်း ​အော်သံ​​တော့ ထွက်လာ​လေသည်။ "အား။"

ရှီရွှီသည် ​သွေးများ​ဆောင့်တက်လာသကဲ့သို့ ခံစားလာရကာ ​ဒေါသထွက်လွန်းသည့်အတွက် မျက်လုံးများပင် စိုစွတ်လာရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now