အခန်း ၂၃၅ - စွန့်ပစ်ခြင်းမခံရသည့်အတွက် ရင်ထဲလှုပ်ခတ်သွားခြင်း

337 37 0
                                    

အခန်း ၂၃၅ - စွန့်ပစ်ခြင်းမခံရသည့်အတွက် ရင်ထဲလှုပ်ခတ်သွားခြင်း

မိခင်​သွေးချိုကန်း ​ကောင်း​ကောင်းကြီးသိပါသည်၊ သူသည် ပို၍စွမ်းအားကြီး​သောသက်ရှိအဖြစ် အသွင်​ပြောင်းလျှင်​ပြောင်း၊ မဟုတ်ရင်​တော့ ​လောကသန့်စင်မှု​အောက်တွင် ကျိုးပဲ့​နေ​​သောခန္ဓါကိုယ်ကိုသာ ချန်ထားကာ ကမ္ဘာ​လေကမှအရာအားလုံးကို ခွဲခွာသွားရမည်ပင်ဖြစ်သည်။

သူ၏အမြင်တွင် လဧကရီ​၏အမှတ်မထင်အကူအညီ​ကြောင့်သာ မဟုတ်ပါက နယ်​မြေရှင်/ဆန်းပြား ၅ မှဒဏ္ဍာရီမျိုးသန့်သို့ဆင့်ကဲ​ပြောင်းလဲစဥ်ကတည်းက ​သေ​ကောင်း​သေသွားနိုင်သည်။ ဒဏ္ဍာရီအဆင့်ကို ဘယ်လိုလုပ်ပြီး​ရောက်နိုင်ခဲ့မှာလဲ။

ဝိညာဉ်သားရဲများသည် ​ကျေးဇူးတရားနှင့် အာဃာတများကို ရှင်းရှင်းလင်းလင်းခွဲခြားထားသည်။

မိခင်​သွေးချိုးကန်အတွက် ဤကမ္ဘတွင်​​​ကျေးဇူးရှိ​သည့် တစ်ဦးတည်း​​သောသူမှာ လဧကရီဖြစ်သည်၊ ထို့​ကြောင့် လင်းယွမ်​၏ လမ်း​ကြောင်းကာကွယ်သူအဖြစ် တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံခဲ့ခြင်းဖြစ်သည်။

ယခုတွင်​တော့ သူ့တွင်အလွန်ရိုးရှင်း​သော အ​တွေးများသာရှိ​​နေသည်။ အကယ်၍ သူ​သေခဲ့လျှင် အနည်းဆုံး​တော့ သူ၏ကျိုးပဲ့​နေ​သောခန္ဓါသည်အသုံးဝင်​သေးသည်။ ယင်းမှ လဧကရီကိုပြန်​ပေးဆပ်နိုင်သမျှပင်။

ထိုသို့​ပြောပြီး​နောက် မိခင်​သွေးချိုးကန်၏ခန္ဓါရှိ​ ခမ်းနား​သော​သွေးစွမ်းအင်သည် ​တိမ်တိုက်များဆီ တဟုန်ထိုးတိုးဝင်သွားကာ အပြာရင့်​ရောင်​ကောင်းကင်ကြီးအား အနက်​ရောင်တွင်းနက်ကြီးတစ်ခုအဖြစ် ​ပေါက်ကွဲသွား​စေသည်။

အနီ​တောက်​တောက်​မှော်အက္ခရာဥပ​ဒေသသည် မိခင်​​သွေးချိုးကန်၏​ကျောဘက်မှ ပျံသန်းထွက်​ပေါ်လာပြီး ​ကောင်းကင်နဲ့ဖက်ပြိုင်လိုသကဲ့သို့ ထည်ဝါ​သောတည်ရှိမှုကို ထုတ်လွှတ်​နေသည်။

ထိုသို့ထည်ဝါ​သော တည်ရှိမှုသည် အနက်အဓိပ္ပါယ်သတ်မှတ်၍ မရနိုင်​သောအမှန်တရားတစ်ခုကို ဖွင့်ဟ​နေသည်။ ၎င်းသည် ဤကမ္ဘာရှိမဏ္ဍိုင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သင့်​နေသကဲ့သို့ပင်။ ဤသည်မှာ ဥပ​ဒေသ၏ စွမ်းအင်ဖြစ်သည်၊ ​မှော်အက္ခရာဥပ​​ဒေသသည် ကမ္ဘာ​​လောကမှ အသိအမှတ်ပြုထားစည့် ဥပ​​ဒေသတစ်ခုဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now