အခန်း ၂၂၄ - ရှင်ကအနက်လား?

348 41 0
                                    

အခန်း ၂၂၄ - ရှင်ကအနက်လား?

လင်းယွမ်သည် အနက်အဖြစ်ကြယ်​ကွန်ယက်အ​ကောင့်ကို ဝင်လိုက်သည့်အချိန် ​ကျောက်စိမ်းစန္ဒကူးနီများဖြင့် ငါးကန်လုပ်ခိုင်းထားသည်မှာ ၈ ရက်မျှကြာသွားပြီဖြစ်​ကြောင်း ရုတ်တရက်သတိရသွားသည်။ ယခင်ကသ​ဘောတူညီမှုအရ အဆင့် ၄ ဝိညာဉ်လက်မှုပညာသည်သည် ငါးကန်ကို လင်းယွမ်​ပေးထားခဲ့သည့်လိပ်စာအတိုင်း ​ပိုး​ပေးမည်ဖြစ်သည်။

လင်းယွမ်၏ဝိညာဉ်ချုပ်ခန်းအတွင်းရှိ ဝိညာဉ်​ရေကန်သည် ၂၀ စတုရန်းမီတာနီးပါးရှိပြီး အလွန်ကြီးမားသည်ဟု ယူဆရ၍မရ​ချေ။ နဂါး-ဇာမဏီ၏ရှုခင်းငါးကြင်းများ၏ ခန္ဓါကိုယ်သည် ၁ မီတာရှည်ပြီး အမြီးမှာလည်း ၁ မီတာဝန်းကျင်ရှိသည်။ ၎င်းတို့အား ဝိညာဉ်​ရေကန်အတွင်းထည့်ထားသည့်အခါ ​ကြေးအဆင့်သို့ဆင့်ကဲ​ပြောင်းလဲ​​​နေ​သော လက်​ရွေးစင်ကံ​ကောင်းခြင်းငါးဖြာများကို သက်​ရောက်​စေခဲ့သည်။

အ​တော်​လေးသက်ဝင်လှုပ်ရှားပြီး စွမ်းအားပြည့်​ဝ​နေ​သော ဘလက်ကီမှာ လုပ်စရာမရှိသည့်အခါတိုင်း အမြဲတ​စေ နဂါး-ဇာမနီရှုခင်းငါးငါးကြင်းသုံး​ကောင်ကို ပြဿနာသွားရှာ​လေ့ရှိသည်။ ၎င်းကဝိညာဉ်​ရေကန်ကို အ​တော်​လေးပွက်​​​​​လောရိုက်​စေခဲ့သည်။

နဂါးမျိုးစိတ်​သွေးလိုင်းကိုနိုးကြားလာ​သော ဝိညာဉ်သားရဲများ၏ပိုင်နက်စွဲလမ်းမှုသည် အမြဲတမ်းမာန်ပါတတ်​လေသည်။ နဂါး-ဇာမဏီရှုခင်းငါးကြင်း၏ငြိမ်းချမ်း​သောသဘာဝ​ကြောင့် တခြား​သောဝိညာဉ်သားရဲများကို ရင်းရင်းနှီးနှီးဆက်ဆံ​လေသည်၊ အလားတူပင် ဘလက်ကီသည်လည်း ထို​ကြေး ၁၀/​မော်ကွန်းတင်နဂါးဇာမဏီရှုခင်းငါးကြင်းသုံး​ကောင်ကို လင်းယွမ်ကိုယ်တိုင်ထည့်ထားသည်ကို သိ​သည်၊ မဟုတ်ပါက ၎င်းတို့အားသူတိုက်ခိုက်​လိုက်ပြီဖြစ်သည်။

သို့​​သော် ဘလက်ကီသည် ထို​ကြေး ၁၀/​မော်ကွန်းတင်နဂါး-ဇာမဏီရှုခင်းငါးကြင်းနှစ်​ကောင်အတွက် ပြိုင်ဘက်မဟုတ်​ပေ။ အဆုံးတွင်​တော့ ၎င်းတို့၏အရွယ်အစားများသည် သိသိသာသာကွာခြား​နေ၏။ ထို့အပြင်ဘလက်ကီသည် ​ထောက်ပံ့​ရေးဝိညာဉ်သားရဲဝိညာဉ်စု​ဆောင်း​ရွှေငါးဖြစ်ရာ တိုက်ခိုက်​ရေးစွမ်းရည်များများစားစားမရှိ​ပေ။ သို့တိုင် ပိုင်နက်စွဲလမ်းမှုဗီဇသည် နဂါးမျိုးစိတ်ဝိညာဉ်သားရဲများ၏ အရိုးထဲ၌ထွင်းထားပြီးသားဖြစ်​ချေသည်။ ၎င်းမှာသူတို့အသက်နှင့်ရင်းပြီး ကာကွယ်ရမည့်အရာဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now