အခန်း ၂၇၈ - သူ့ကို ချိုမြိန်တဲ့ ပီတိ​တွေကို အရသာမခံ​စေနဲ့

301 33 0
                                    

အခန်း ၂၇၈ - သူ့ကို ချိုမြိန်တဲ့ ပီတိ​တွေကို အရသာမခံ​စေနဲ့

​ကျောက်​ရှောင်ချွင်သည် အပြာ​ဖျော့​ရောင်ပုံစံများရှိ​သော ဧရာမငါးလက်ထုံ၏​နောက်​ကျောတွင် ရပ်​နေသည်။ ရှီရွှီ​၏စကားများကို ကြား​သောအခါ ချက်ချင်းမျက်လုံးလှိမ့်လိုက်ကာ ဆိုသည်။ "ရှီကျူးရဲ့ စား​သောက်ဆိုင်ခွဲ ငါးခု ​ဒေဝါလီခံလိုက်ရတာက ငါနဲ့ဘာဆိုင်လို့လဲ။ နင့်စတိုးကို ငါလာတိုင်း ငါကလက်ဖွာတဲ့ဝယ်သူတစ်​ယောက်ပဲကို။"

​ကျောက်​ရှောင်ချွင်က ဘာမှမ​ပြောလျှင်​တော်​သေးသည်၊ သူမ​ပြောလိုက်သည်နှင့် ရှီရွှီ​၏မျက်ဝန်းများ ပိုမိုနီမြန်းလာသည်။ "​ကျောက်​ရှောင်ချွင်၊ ငါ့နာမည်က ရှီရွှီ၊ ရှီကျူးမဟုတ်ဘူးကွ။"
(ရှီကျူး - ဝက်​သေ)

ရှီရွှီသည် ကာကွယ်​ရေး/မိုးကြိုးဝိညာဉ်သားရဲအမျိုးအစားများဖြင့်သာ စာချုပ်ချုပ်နိုင်ရခြင်းမှာ သူ၏ပင်ကိုစွမ်းရည်​ကြောင့်ဖြစ်သည်။ ကာကွယ်​ရေး/မိုးကြိုးဝိညာဉ်သားရဲများ၏ရှားပါးမှုနှင့် ပျိုး​ထောင်စရိတ်ကြီးမြင့်မှု​ကြောင့် ရှီရွှီသည် အမြဲတမ်းအရင်းအမြစ်များပြတ်လပ်​နေရသည်။

ထွန်း​တောက်အဆင့် ၁၀၀ သို့ဝင်​ရောက်ပြီး​နောက် ဝှက်ဖဲများကိုပျိုး​ထောင်ရန် နှစ်များစွာရှီရွှီသုံးစွဲခဲ့သည့် အရင်းအမြစ်များမှလွဲ၍ ဤပလက်တီနမ် ၄/ဆန်းပြား ၁ ဆိတ်ငြိမ်မိုးကြိုးချပ်ဝတ်မိ​ကျောင်းကို ပျိုး​ထောင်ရန် မ​ရေမတွက်နိုင်​သောထွန်း​တောက်​ဒေါ်လာများကို သုံးစွဲခဲ့ရသည်။ အဆုံးတွင်​တော့ ၎င်းသည်​ရေလွှမ်းနဂါး​၏​သွေးလိုင်းကို နိုးထ​စေခဲ့ပြီးဖြစ်ကာ အဆက်မပြတ်အသက်ဝင်​နေ​စေရန် ရှီရွှီ​​သေချာ​ပေါက်ထိန်းသိမ်းထားရသည်။

အမှန်တွင် ရှီရွှီ ထွန်း​တောက်အဆင့် ၁၀၀ အဖွဲ့ဝင်ဖြစ်ခဲ့သည့် နှစ်များစွာအတွင်း ​ငွေအနည်းငယ်သာပိုလျှံသည်။ ထိုအပို​ငွေများအားလုံးကို စား​သောက်ဆိုင်ခွဲများတွင် သူမြုပ်နှံထားသည်။

ထွန်း​တောက်​သောဖက်ဒ​ရေးရှင်းတွင် စား​သောက်ဆိုင်ဖွင့်မည်ဆိုလျှင် စား​သောက်ဆိုသ်ပါဝင်ပစ္စည်းများ အမျိုးစုံပြီး အစားအစာပါဝင်ပစ္စည်းအဆင့်များ အ​တော်အတန် မြင့်​နေသ​ရွေ့ ​မ​ရောင်းရမည်ကို ပူပန်စရာမလိုပါ​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now