အခန်း ၂၈၆ - ဆူးနီက ​ဆောင်းခိုသွားပြန်ပြီ

309 40 0
                                    

အခန်း ၂၈၆ - ဆူးနီက ​ဆောင်းခိုသွားပြန်ပြီ

လင်းယွမ်သည် ထျန်နင်းနင်းပို့ထား​​သော မက်​ဆေ့ချ်အားလုံးကိုဖွင့်လိုက်ကာ အစအဆုံးဖတ်ကြည့်လိုက်သည်။ ​​နောက်​တော့ ကြယ်ကွန်ယက်၏သီးသန့်​​​အောင်မြင်မှုများကို ရရှိခဲ့သည့်အချိန်မှစ၍ ထွန်း​​တောက်အဆင့် ၁၀၀ ​ရွေးချယ်မှုအတွက် စာရင်းသွင်းထားခြင်းနှင့် ​လေ့ကျင့်​​ရေးအတွင်း သူကြုံ​တွေ့ခဲ့သမျှ အရာအားလုံး​ရေးချလိုက်သည်။ သူသည် အချက်တစ်ခုချင်းစီကို အ​သေးစိတ်​ရေးထား​ပေးသည့်အတွက် ထျန်နင်းနင်း မည်သည်ကိုမှ ​မေးဖို့လိုမည်မဟုတ်​ပေ။

အဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအတွင်း မီး​တောက်စုပ်ဝဲနှင့် ကြုံ​တွေ့ခဲ့ရပြီး ရုတ်တရက်ဆန်​သော မိစ္ဆာလှိုင်းအ​​ကြောင်းတို့နှင့်ပတ်သက်၍ လင်းယွမ်မည်သည်ကိုမျှ မဖုံးကွယ်ထား​ပေ။ အဆုံးတွင်​တော့ ထို​နေရာတွင် စွန့်စားသူအများအပြားလည်း ရှိ​နေကြ​သေးသည်ပင်။ ထို့​ကြောင့် အနှီဖြစ်ရပ်ကို ဖုံးကွယ်ထားဖို့ရာ ဖြစ်နိုင်မည်မဟုတ်ပါ။

လက်ရှိတွင်​ ကြယ်ကွန်ယက်၌ သက်ဆိုင်ရာသတင်းများကို လင်းယွမ်မြင်​နေရပြီဖြစ်​သော်လည်း ထိုတင်ပြချက်များမှာ လုံလုံ​လောက်​လောက် ကျယ်ပြန့်မှုမရှိ​နေ​ပေ။ အမှန်​တော့ ​တောင်ကြားအဝမှာ​နေခဲ့​သော စွန့်စားသူများမှာ အဖြစ်အပျက်များကို တိတိကျကျမသိကြပါ​ချေ။

လုံ​ထောင်၊ ရှီရွှီ၊ ​ကျောက်​ရှောင်ချွင်နှင့် ဖန်​သော​သောတို့အားလုံး၌ ကိုယ်ပိုင်သီးသန့်သတင်း​ထောက်များ ရှိကြပါသည်။ သူတို့၏သီးသန့်သတင်း​​ထောက်များသာ ထိုဖြစ်ရပ်အ​ကြောင်း​​မေးလာလျှင် ဖြစ်ပျက်ခဲ့သမျှကို တိတိကျကျ​ပြောပြလိုက်ကြမည်မှာ ကျိန်း​သေသည်။

ထျန်နင်းနင်းသည် လင်းယွမ်၏သီးသန့်သတင်း​​ထောက်ဖြစ်​​သော​ကြောင့် သဘာဝကျကျပင် သူမအားတိုက်ရိုက်သတင်းများကို မဆုံးရှုံး​စေချင်​ပေ။

​နောက်ဆုံးတွင် ​အဆုံးသတ်စာ​ကြောင်းကို အသုံးပြု၍ သူ​၏​တောင်းပန်မှုကို​ဖော်ပြလိုက်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now