အခန်း ၃၁၁ - သုံးရက်တိုင်တိုင် အမြင့်မှာချိတ်ဆွဲ​နေ​သော တိုတန်လစန္ဒါ

279 38 0
                                    

အခန်း ၃၁၁ - သုံးရက်တိုင်တိုင် အမြင့်မှာချိတ်ဆွဲ​နေ​သော တိုတန်လစန္ဒါ

သံထည်အကျဥ်း​ထောင်သည် စားပွဲကိုရိုက်ကာ မ​တ်တပ်ရပ်လာပြီး ဆို၏။ "ဒီကိစ္စအတွက် ကျုပ်တို့အဆုံးထိ စိတ်ဓါတ်ခိုင်မာရမယ်။"

သူစကားဆုံးသည့်အခါ မည်သူမျှမတုံ့ပြန်လာ​ပေ။ အပြုံးမျက်နှာနဲ့လူသည် စားပွဲ​ပေါ်လက်ဖြင့်​ခေါက်​နေခြင်းကို ရပ်တန့်လိုက်ကာ သူ့​ဘေးက သံထည်အကျဥ်း​ထောင်ကို ထိုင်ရန်ဆွဲချလိုက်သည်။ သူထိုသို့လုပ်ပုံမှ အလွန်ကျွမ်းကျင်လှပြီး အ​ကြိမ်​ပေါင်းမနည်းလုပ်ခဲ့ရသည့်အတိုင်းပင်။

​အ​စောင့်အ​ရှောင်ခေါင်း​ဆောင်ရဲ့သည်လည်း မတ်တပ်ရပ်လာပြီး သူမလက်ကို​ဝေ့ယမ်းလိုက်သည်။ အရင်းအမြစ်ပစ္စည်း ၁၀၀ နီးပါးစားပွဲ ကျသွား​လေသည်။

​ထိုအရင်းအမြစ်ပစ္စည်းများသည် ကျောက်စားပွဲ​ပေါ်တွင် ​ပုံစံများဖြာထွက်​တောက်ပ​နေကာ ခရုပတ်ပုံမြင့်တက်လာလျက် ထူးထူးခြားခြား ​ထူးချွန်​ပြောင်​မြောက်​​ကြောင်း ပြသလို့​နေသည်။

"ထွန်း​တောက်​ဖက်ဒ​ရေးရှင်းထဲမှာ အရင်းအမြစ်ပစ္စည်းစုစု​ပေါင်း ၁၀၉ ခုရှိတယ်၊ ၃၃ ခုက ထိန်းချုပ်ခံအဆင့် ၃ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း​တွေက၊ ၅၇ ခုက​တော့ ထိန်းချုပ်ခံအဆင့် ၂ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း​တွေကဖြစ်ပြီး ကျန်တဲ့ ၂၉ ခုက အဆင့် ၁ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း​တွေကပဲ။" အ​စောင့်အ​ရှောက်​ခေါင်း​ဆောင်ရဲ့ ​ခေတ္တရပ်တန့်သွားသည်။ "ဒါ​ပေမယ့် အဲဒီအဆင့် ၁ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း​တွေက အဓိကမြို့​တော်အနားတဝိုက် ​ဝေးလံ​ခေါင်သီတဲ့စီရင်စု​တွေမှာ​​ ပေါ်လာတဲ့ ဂြိုလ်သားအင်းဆက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း​တွေဖြစ်တယ်။"

သူမအသည် ​ပေါ့ပါးပုံ​​ပေါ်လည်း မ​ဖော်ပြနိုင်​သော ​လေးနက်မှုကို သယ်​ဆောင်ထားသည်။ ရှိ​နေ​သောသူများသည် ၎င်းတို့ကိုဟိုးအရင်ကတည်းက သိရှိပြီးသားဖြစ်​သော်လည်း တစ်စုံတစ်​ယောက်သည် ဤမျှများ​ပြား​သောဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းများ၌ အကြံအစည်များချထားမည်ဟု မည်သူကမှမ​မျှော်လင့်ထားပါ​​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now