အခန်း ၂၃၃ - သ​န္ဓေ​ပြောင်းမိခင်​သွေးချိုးကန်

351 40 0
                                    

အခန်း ၂၃၃ - သ​န္ဓေ​ပြောင်းမိခင်​သွေးချိုးကန်

လင်းယွမ်၏​တောင်းဆိုမှုကိုအ​ခြေခံ၍ စန္ဒကူးနီငါးကန်သည် သက်ရှည်မန္တန်များ၊ ​တောင်နှင့်မြစ်ရှုခင်းအမျိုးမျိုးပါရှိသည့် ဧရာမပန်းခင်းကြီးကဲ့သို့ထွင်းထားကာ ​ကျောက်တုံးတစ်တုံးချင်းစီနှင့် သစ်တစ်ပင်စီတိုင်းသည် လက်ရာ​မြောက်အသက်ဝင်လှသည်။

ငါးကန်ထဲတွင် ပို၍အ​ရောင့်ရင့်​သော ​​​ကျောက်စိမ်းစန္ဒကူးနီကို ထူးဆန်း​သောထင်းရှုးပင်တစ်ပင်အဖြစ် ထွင်းထားသည်။ ပင်စည်မှာ နဂါးပျိုသဖွယ်ဖြင့် အကိုင်းအခက်များမှာ ဟိတ်ဟန်ကြီး​နေကာ အရွက်များက ထက်သန်လို့​နေ၏။ ထိပ်ပိုင်းတွင်ထင်းရှုးသီးများလည်းရှိကာ ​ပျော်ရွှင်မှုနှင့် သက်ရှည်မှုကို​ဖော်ညွှန်း​နေသည်။

ကန်​အောက်​ခြေ၌ ​အေးစက်​သော​ရေများဖြင့်ပိုင်းကန့်ထား​သော မြို့ကြီးရှစ်မြို့ကိုထွင်းထားသည်။ ထိုမြစ်ရှစ်မြို့သည် ထူးဆန်း​သော ထင်းရှုးပင်အား တွယ်ကပ်တည်ရှိ​​နေကြပုံမှာ ​တောင်ထိပ်ကိုရစ်ပတ်ထားသလိုပင်။

လင်းယွမ် နူးညံ့စွာရွတ်ဆိုမိသည်။ "မြို့ကြီးရှစ်မြို့ကို ​ရေ​​အေး​တွေက ဖြတ်သန်းစီးဆင်းတယ်။ အထွတ်အထိပ်မှာရှိတဲ့ အံ့ချီးဖွယ်သစ်ပင်က​တော့ ထာဝရငယ်ရွယ်​နေ​တော့မယ်။"

ထိုမြင်ကွင်းသည် သက်ရှည်ခြင်းဟူ​သော ဆိုရိုးနှင့်ကိုက်ညီ​နေပြီး ​ကျောက်စိမ်းစန္ဒကူးနီ၏အသက်ရှည်မန္တန်နှင့်လည်း အတိအကျလိုက်ဖက်သည်။ သက်ရှည်ခြင်းသည် တခြား​​သော သက်ရှည်ခြင်းနှင့်​ပေါင်းလိုက်မှသာ အဆုံးမရှိဟုယူဆနိုင်သည်။

ထိုအခိုက် ဝမ်ယွီသည် ပိုက်တစ်​ချောင်းကိုင်လျက်လာကာ အိမ်​တော်၏ကြမ်းပြင်နှင့် စန္ဒကူးနီသက်ရှည်ငါးကန်တို့ကို ချိတ်ဆက်လိုက်သည်။ ဤ​​နေရာသည် လက်တ​လောကမှ ​ဆောက်ထားခြင်းဖြစ်ကာ လူလုပ်​ရေကန်နှင့် ဆက်သွယ်ထားသည်။

မကြာမီ သူမသည် ၉.၉ မီတာ × ၃ မီတာ × ၄ မီတာရှိ​သော စန္ဒကူးနီသက်ရှည်ငါးကန်ကို လူလုပ်​ရေကန်အတွင်းမှ ​ရေများဖြင့် ဖြည့်လိုက်​လေသည်။ ဝမ်ယွီသည် လ​ရောင်ဖြာနန်း​တော်တွင် ပစ္စည်း​ကောင်း​များကို မြင်​​နေကျဖြစ်​သော်လည်း ငါးကန်ကိုမြင်လိုက်သည့်တစ်ခဏ စိတ်လွတ်သွား​သေးသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Opowieści tętniące życiem. Odkryj je teraz