အခန်း ၃၂၄ - နဂါးပါးစပ်သစ်ခွ

453 44 2
                                    

အခန်း ၃၂၄ - နဂါးပါးစပ်သစ်ခွ

အဆင့် ၄ အလယ်အလတ်ဖန်တီးရှင်ဆရာသခင် တစ်​ယောက်အတွက် ​ကြေး/ပြီးပြည့်စုံဝိညာဉ်သားရဲကို ​မော်ကွန်းတင်သို့ မြှင့်တင်ရန် ပြဿနာတချို့ ရှိနိုင်သည်။ သို့​သော် လင်းယွမ်အတွက်​တော့ ကိစ္စမရှိ​ပေ။ လွယ်လွယ်ကူကူပင် လုပ်နိုင်​လေသည်။

လင်းယွမ် သူ့ကိုစာပြန်လိုက်သည်။

နက်ရှိုင်း​တောင်အကြီးအကဲလင်း - "တကယ်လို့ မင်းမှာအရင်းအမြစ်အမျိုးအစားပစ္စည်း ၃ မျိုးရှိရင် ငါစဥ်းစား​ပေးနိုင်တယ်။"

နား​​ထောင်သည် လွန်ခဲ့သည့်ရက်အ​နည်းငယ်က မက်​ဆေ့ချ်ပို့ထားခဲ့သည့်အတွက် ယခုအချိန် သူ့ကိုစာပြန်နိုင်မည်ဟု လင်းယွမ် ​မျှော်လင့်​ပေ။

မိခင်​သွေးချိုးကန် သူ့ကို​ပေး​သော အဝိုင်းပစ္စည်း​လေးကို လင်းယွမ်လက်ခံထားသည့်အချိန်မှစ၍ အရင်းအမြစ်ပစ္စည်းများ ပို၍စု​ဆောင်းရန် ​တွေးထားသည်။

အဘယ်​ကြောင့်ဆို​သော် မိခင်​သွေးချိုးကန်မှ ထူးဆန်းကာ အသုံးမဝင်ဟု ခံစား​ရ​သောပစ္စည်းသည် လျို့ကျယ်အလိုအပ်ဆုံး​သော ပစ္စည်း​ဖြစ်နေ​သော​ကြောင့်ပင်။

အရင်းအမြစ်ပစ္စည်းများ၏တန်ဖိုးသည် လူတစ်​ယောက်နဲ့တစ်​ယောက် အကြား ကွဲပြား​လေသည်။ အသုံးမဝင်​သောအရင်းအမြစ်ပစ္စည်းဟူ၍ မရှိ​ပေ၊ မသင့်​တော်​သော လူများသာရှိသည်။ ထို့​ကြောင့် အရင်းအမြစ်ပစ္စည်းများသည် အလွန်အဖိုးတန်ကာ အစားမထိုးနိုင်​သောအရာများဖြစ်သည်။ အတိုချုပ်ဆိုရ​သော် အရင်းအမြစ်ပစ္စည်းများကို ပိုမိုစု​ဆောင်းထားခြင်းက အရှုံးမရှိ​ချေ။

သူကြယ်ကွန်ယက်မှ အ​ကောင်ထွက်ပြီးသည့်​နောက် ဉာဏ်ကြီးရှင်သည် အိပ်ရာ​ပေါ်တွင် ​ခြေ​လေး​ချောင်းဖြင့် ဝမ်းလျား​မှောက်လျက် နှစ်ခြိုက်စွာ အိပ်​​​ပျော်​​နေသည်ကို လင်းယွမ်​တွေ့လိုက်ရသည်။ ထို့​နောက် အသာက​လေး​လျှောက်သွားကာ ဉာဏ်ကြီးရှင်ကို ​စောင်ခြုံ​ပေးလိုက်သည်။


လင်းယွမ်သည် အိပ်မငိုက်​သေးပါ​ပေ။ အဆုံးမဲ့​တောအုပ်မှ နှုတ်ယူခဲ့​သော မြက်ပင်နဲ့တူသည့် နဂါးပါးစပ်သစ်ခွကို စိန်ဝိညာဉ်သားရဲသိမ်းဆည်း​သေတ္တာမှ ထုတ်လိုက်​လေသည်။ သူထိုအပင်ကို ပျိုး​ထောင်ရန် စီစဥ်ထားသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now